• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ပီကင်းမြို့တွင် ဖွင့်လှစ်

(GMT+08:00) 2013-03-05 10:00:59

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်း အဝေးကို ယနေ့၅-ရက်နေ့နံနက်ပိုင်းက ပီကင်းမြို့၌ ဖွင့်လှစ်လိုက်ပါသည်။ ဟူကျင်ထောင်း နှင့် ရှီကျင့်ဖိန် အပါအဝင် တရုတ်ခေါင်းဆောင်များနှင့် ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၃၀၀၀-ခန့်တို့သည် အစည်းအဝေးသို့တက်ရောက် ကြပါသည်။

တရုတ်ဝန်ကြီးချုပ် ဝင်ကျားပေါင် သည် တရုတ်နိုင်ငံတော်ကောင်စီကိုယ်စား အစိုးရ လုပ်ငန်းအစီရင်ခံစာကို အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။ လွန်ခဲ့သည့်၅-နှစ်အတွင်း ရရှိခဲ့ သောအောင်မြင်မှုများကို အသိအမှတ်ပြုသည့်တစ်ချိန်တည်းတွင် ဝန်ကြီးချုပ် ဝင်ကျားပေါင် က တရုတ်ပြည်၏စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရာတွင် ကြုံတွေ့နေရသောပဋိပက္ခနှင့် ပြဿနာများကိုလည်း ဝန်ခံခဲ့ပါသည်။ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဝန်ကြီးချုပ် ဝင်ကျားပေါင် က ယခုနှစ်တရုတ်ပြည်၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အဓိက ရည်မှန်းချက်တွေကိုလည်း တင်ပြခဲ့ပါသည်။ ထို့အပြင် ဝန်ကြီးချုပ် ဝင်ကျားပေါင် က ယခုနှစ်အစိုးရလုပ်ငန်းအပေါ် အဆိုပြုချက်များလည်း တင်ပြခဲ့ပါသည်။

၁၂-ရက်ခွဲကြာအစည်းအဝေးကျင်းပစဉ်အတောအတွင်း ၁၂-ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၃၀၀၀-ခန့်တို့သည် ဝန်ကြီးချုပ် ဝင်ကျားပေါင် တင်ပြခဲ့သည့် အစိုးရလုပ်ငန်းအစီရင်ခံစာကို စိစစ်ဆွေးနွေးပြီး မဲပေးဆုံးဖြတ် ကြမည်ဖြစ်ပါသည်။

   Webradio