• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ပီကင်းမြို့တွင် ဖွင့်လှစ်

(GMT+08:00) 2013-03-05 09:52:47

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်း အဝေးကို ယနေ့၅-ရက်နေ့နံနက်ပိုင်းက ပီကင်းမြို့၌ ဖွင့်လှစ်လိုက်ပါသည်။ ဟူကျင်ထောင်း နှင့် ရှီကျင့်ဖိန် အပါအဝင် တရုတ်ခေါင်းဆောင်များနှင့် ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၃၀၀၀-ခန့်တို့သည် အစည်းအဝေးသို့တက်ရောက် ကြပါသည်။

၁၂-ရက်ခွဲကြာအစည်းအဝေးကျင်းပစဉ်အတောအတွင်း အစိုးရလုပ်ငန်းအစီရင်ခံစာ ကို စိစစ်ဆွေးနွေးမည့်အပြင် ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံတော်ကောင်စီဌာနပြုပြင်ပြောင်းလဲရေးနှင့် အလုပ် တာဝန်ပြောင်းလဲရေးမူကြမ်းကိုလည်း စိစစ်ဆွေးနွေးပြီး မဲပေးဆုံးဖြတ်မည်ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် ဒုတိယအကြိမ် အစိုးရဌာနဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး လုပ်ငန်းကိုလည်း စိစစ်ဆွေးနွေးမည်ဖြစ်ပါသည်။

   Webradio