• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ကျင်းပ

(GMT+08:00) 2013-03-04 17:08:48

၁၂-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ၄-ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ-ဖုယင်က ယခုအကြိမ် ပြည်သူ့ကွန်ဂရက်၏ လုပ်ငန်း အစီအစဉ်ကို ရှင်းလင်း ဖေါ်ပြပြီး အစည်းအဝေးတွင် ဆွေးနွေးမည့် နိုင်ငံခြားရေး ပေါ်လစီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဒေသန္တရအစိုးရများ၏ ကြွေးမြီ အုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

 

 

   Webradio