• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈-ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာညီလာခံသည်၊
တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေး၏သမိုင်းမှတ်တိုင်နှင့်
အခန်းကဏ္ဍသစ်ဖြစ်သည်ဟုနိုင်ငံတကာမိသားစုကြီးကယူဆ

(GMT+08:00) 2012-11-15 17:02:21

၁၈-ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတ်ီပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ယမန်နေ့ ၁၄-ရက်နေ့က အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယခုအကြိမ်ညီလာခံကြီးသည်၊ တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေးဖြစ်စဉ်တွင် အရေးကြီးသမိုင်းမှတ်တိုင် တစ်ခုဖြစ်သည်ဟု နိုင်ငံတကာမိသားစုကြီးကယူဆကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

တောင်အာဖရိကကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံမှုရေးရာအတွင်းဝန်က၊ ၁၈- ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာညီလာခံ သည်၊ တရုတ်ပြည်အတွက် ရော၊ ကမ္ဘာအတွက်ပါ အလွန်အရေးပါသည့်အဓိပ္ပါယ်ပါရှိကြောင်းဖေါ်ပြခဲ့ပါသည်။

ရုရှားသိပ္ပံပညာတံခွန်အသင်းအရှေ့ဖျားဒေသရေးရာသုတေသနဌာနမှ သက်ဆိုင်ရာ တာဝန်ခံက၊၁၈-ကြိမ်မြောက်တရုတ် ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာညီလာခံသည်၊ တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် သမိုင်းမှတ်တိုင်သစ်ဖြစ်မှာသေချာကြောင်းဖေါ်ပြသည်ဟု သိရပါသည်။

 

   Webradio