• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈-ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာညီလာခံ
အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍တရတ်ပြည်သူ့နေ့စဉ်
သတင်းစာမှခေါင်းကြီးပိုင်းထုတ်ပြန်

(GMT+08:00) 2012-11-15 16:43:44

တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ ယနေ့ ၁၅-ရက်နေ့တွင် (ပိုမိုချမ်းမြေ့ကောင်းမွန်၊ မွန်မြတ်သောအနာဂတ်ကိုအတူဖန်တီးကြစို့)ဟူသောခေါင်းစဉ်ဖြင့်ခေါင်းကြီးပိုင်းတစ်ပုဒ်ကို ထုတ်ပြန်ပြီး၊ ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် လှိုက်လှဲစွာထောပနာပြုကြောင်း တရုတ်ဆင်ဟွာ သတင်း အရသိရပါသည်။

၎င်းခေါင်းကြီးပိုင်းတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ညီလာခံမှာ၊တရုတ်ပြည်အနေနှင့်၊ အတော်အတင့် ချမ်းသာသည့်လူ့အဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ရန်၊ သော့ချက်ကျကာလအချိန်အခါကျင်းပသည့် အလွန်အရေးပါသော ညီလာခံ တစ်ရပ်ဖြစ်ကြောင်းဖေါ်ပြသည်ဟုသိရပါသည်။

   Webradio