• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဆင့် ခေါင်းဆောင်များ အပြောင်းအလဲပြု

(GMT+08:00) 2012-11-15 16:06:29

မနေ့ ၁၄-ရက်နေ့က ပီကင်းမြို့မှာ ရုပ်သိမ်းခဲ့တဲ့ ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကြီးမှာ အကြိမ်သစ် ဗဟိုကော်မတီနဲ့ အကြိမ်သစ် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဒီနေ့ ၁၅-ရက်နေ့မှာ အကြိမ်သစ် ဗဟိုကော်မတီဟာ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခဲ့ရာ အကြိမ်သစ် ဗဟိုအဆင့် ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက် ခဲ့ပါတယ်။ ရှီကျင့်ဖိန်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဆင့် ခေါင်းဆောင်သစ်များရဲ့ အဓိက တာဝန်လုပ်ငန်းမှာ လာမဲ့ ၅-နှစ်အတွင်း ပါတီတစ်ရပ်လုံးနဲ့ ပြည်သူတစ်ရပ်လုံးကို သွေးစည်းဦးဆောင်ပြီး ၂၀၂၀-ပြည့်နှစ်မှာ အတော်အတန် ချမ်းသားတဲ့ လူ့ဘောင်အဖွဲ့ ဘက်စုံ တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့အတွက် အားထုတ်ကြိုးပမ်းရေးနဲ့ အမျိုးသား ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ရဲ့ အဆင့်သစ်ကို တွန်းအားပေးရေးတို့ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းအရ ပါတီရဲ့ အဆင့်အမြင့်ဆုံး ဦးဆောင်ရေး အဖွဲ့တို့မှာ ပါတီရဲ့ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ် ညီလာခံနဲ့ ညီလာခံမှာ ရွေးချယ်တင်မြှောက်တဲ့ ဗဟို ကော်မတီတို့ ပါရှိပါတယ်။ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ရပ်စဲတဲ့ အချိန်မှာ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီတို့ဟာ ဗဟိုကော်မတီရဲ့ အာဏာကို ကျင့်သုံးပါတယ်။

အကြိမ်သစ် ဗဟိုကော်မတီ အဖွဲ့ဝင် ဦးရေဟာ ၁၇-ကြိမ်မြောက် ဗဟိုကော်မတီထက် ပိုများပြီး အဖွဲ့ဝင်တို့ရဲ့ ပျမ်းမျှ အသက်မှာ ၅၆-နှစ် ဝန်းကျင်လောက်ရှိပါတယ်။ အမျိုးသမီး အဖွဲ့ဝင် ဦးရေမှာ ၃၃-ဦးရှိပြီး တိုင်းရင်းသားလူမျိုးစု အဖွဲ့ဝင် ဦးရေမှာ ၃၉-ဦးရှိပါတယ်။

အကြိမ်သစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ဟာ ရှင်သန်ပြီး လူအများအတွက် ယုံကြည်အားကိုးနိုင်တဲ့ ဗဟိုအဆင့် ဦးဆောင်ရေး အဖွဲ့ဖြစ်ပါတယ်လို့ ကိုယ်စားလှယ်များက ယူဆကြပါတယ်။

   Webradio