• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံကိုရုပ်သိမ်း

(GMT+08:00) 2012-11-14 18:29:02

တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံကို ယနေ့၁၄-ရက်နေ့ တွင် ပီကင်းမြို့၌ ရုပ်သိမ်းလိုက်ပါသည်။ ညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီနှင့် ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီတို့ကို ရွေးချယ်တင်မြှောက်ပြီး ၁၇-ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်း(ပြင်ဆင်ရေးမူကြမ်း)ဆိုင်ရာ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ပါသည်။

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ဟူကျင်ထောင်း သည် ညီလာခံရုပ်သိမ်းပွဲအခမ်းအနားကို ကြီးမှူးကျင်းပပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

   Webradio