• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရားမျှတမှု ၃-ခုဟာ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီ

(GMT+08:00) 2012-11-13 18:35:26

၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကြီးရဲ့ အစီရင်ခံစာမှာ အခွင့်အရေး တရားမျှတရေး၊ အခါအခွင့် တရားမျှတရေးနဲ့ စည်းကမ်းဥပဒေ တရားမျှတရေးတို့ကို အဓိက အချက်အလက်တွေအဖြစ် ထားရှိတဲ့ လူမှုရေး တရားမျှတရေး အာမခံစနစ်ကို တဖြည်းဖြည်း တည်ဆောက်မှာဖြစ်ပြီး တရားမျှတတဲ့ လူမှုရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ ပြည်သူတို့ တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးကို အာမခံပေးဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။ ဒါဟာ လက်ရှိအချိန် ပြည်သူလူထုတို့ရဲ့ မျှော်မှန်းချက်သစ်တွေအပေါ် လေးနက်တဲ့ တုန့်ပြန်မှုဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့လည်း ကိုက်ညီပါတယ်။

တရားမျှတရေးဟာ လူသားတစ်ရပ်လုံးရဲ့ တူညီတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ လူမှုရေး ဓနဥစ္စာတွေ တိုးပွားလေလေ၊ တရားမျှတရေးဟာ အရေးကြီးလေလေဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ တရားမျှတရေးကို ကြိုးပမ်းဖို့ ရည်မှန်းချက်အဖြစ် အစဉ်တစိုက် ထားရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အောင်သီးအောင်နှံတွေကို ပြည်သူတို့အားလုံးအပေါ် ပိုမိုများပြားစွာနဲ့ တရားမျှတစွာ အကျိုးရရှိစေနိုင်ရေး၊ အတူတကွ ချမ်းသာရေး ဦးတည်ချက်ကို ခြေလှမ်းမှန်မှန်နဲ့ ရှေ့ရှုချီတက်ရေး အပါအဝင် အစီရင်ခံစာမှာ ရေးသားထားတဲ့ အရေးကြီး ဖေါ်ပြချက်တွေကို ကြည့်ခြင်းအားဖြင့် တရားမျှတရေးဟာ တရုတ်ဝိဒေသ ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ်ရဲ့ တောင်းဆိုချက်ဖြစ်တာကို ပြဆိုနေပါတယ်။

 ၁၆-ကြိမ်မြောက် တရုတ်ကွန်မြူနစ် ပြည်လုံးဆိုင်ရာ ညီလာခံကြီး ကျင်းပခဲ့တဲ့ နောက်ပိုင်းမှာ လယ်ယာစိုက်ပျိုးရေး အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ မသင်မနေရ ပညာရေး စနစ်မှာ သင်ယူတဲ့ ကျောင်းသူကျောင်းသား အားလုံးအတွက် အခမဲ့ ပညာသင်ယူခွင့်ပေး ခြင်း၊ ပြည်သူတစ်ရပ်လုံး အကျိုးရရှိစေနိုင်တဲ့ လူမှုရေး အာမခံမှု စနစ်ကို တည်ဆောက်ခြင်း၊ အကြိမ်သစ် ဆေးဝါးကုသရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်ခြင်းတို့ဟာ တရုတ် ကွန်မြူနစ်ပါတီနဲ့ အစိုးရရဲ့ လူမှုရေး တရားမျှတရေးကို တွန်းအားပေးဖို့ တကယ်တမ်း လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။

တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးကို ပြုပြင်ပြောင်းလဲနေတဲ့ အချိန်ကာလမှာ အကျိုးစီးပွားနဲ့ တောင်းဆိုချက် အမျိုးမျိုးတွေ ပေါ်ပေါက်လာတဲ့ အတွက်ကြောင့် လူမှုရေး တရားမျှတမှုကို တွန်းအားပေးဖို့အတွက် အခက်အခဲတွေ ဖန်တီးပေးနေပါတယ်။ အဲဒီပြဿနာတွေကို မှန်ကန်စွာ ရှုမြင်ပြီး အမြင့်ဆုံး ခေါင်းဆောင်တို့အနေနဲ့ စီမံကိန်းကို အချိန်မီ ချမှတ်ကာ ဖြေရှင်းရေး နည်းလမ်းကို ရှာဖွေဖို့ ကြိုးပမ်းခြင်းဟာ တရုတ်ကွန်မြူနစ် ပါတီအနေနဲ့ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ဖို့နဲ့ လူမှုရေး တရားမျှတရေး ထိန်းသိမ်းကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားခြင်းကို ဖေါ်ပြနေခြင်းဖြစ်ပါတယ်။

အဲဒီ တရားမျှတရေး ၃-ခုကို အကောင်အထည်ဖေါ်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ထိပ်ဆုံးနေရာမှာ ထားပြီး စွဲမြဲစွာ လုပ်ကိုင်ရပါမယ်။ ရှင်သန်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုရေးဆိုင်ရာ တရားမျှတရေး အကောင်အထည်ဖေါ်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။

ဒါ့အပြင်၊ တရားမျှတရေး ၃-ခုကို အကောင်အထည်ဖေါ်ဖို့အတွက် ဥပဒေနဲ့အညီ တိုင်းပြည်အုပ်ချုပ်ရေး လမ်းညွှန်ချက်နဲ့ မဟာဗျူဟာကို အင်တိုက်အားတိုက် လက်တွေ့ ဖေါ်ဆောင်ရမယ်။ အုပ်ချုပ်ရေး အာဏာကို ပွင့်ပွင့်လင်းလင်း ကျင့်သုံးရမယ်။ အာဏာကျင့်သုံးမှုကို ချုပ်ခြယ်ထားခြင်း မရှိရင် အဂတိလိုက်စားမှု ဖြစ်ပေါ်လာမှာဖြစ်ပြီး လူမှုရေးဆိုင်ရာ တရားမျှတရေးကို ထိခိုက်စေလိမ့်မယ်။ ပြည်သူတို့ရဲ့ သိရှိပိုင်ခွင့်၊ ပါဝင်ဆောင်ရွက် ပိုင်ခွင့်၊ ဖေါ်ပြပိုင်ခွင့်နဲ့ ကြီးကြပ်ပိုင်ခွင့်တို့ကို အပြည့်အဝ အာမခံပေးမှသာ အာဏာအလွဲသုံးစားလုပ်မှုကို ထိရောက်စွာ လျော့နည်းလာစေနိုင်ပါတယ်။

   Webradio