• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီသည် စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစေမည်

(GMT+08:00) 2012-11-13 17:10:06

လာမည့်၁၀-နှစ်အတွင်း တရုတ်ပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို အာရုံစိုက်သူများအတွက် တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံ တွင် စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲမှုနက်ရှိုင်းစေရေးဟူသောပြောဆိုချက်ကို လျစ်လျူရှု မည်မဟုတ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

      တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံသို့ တင်ပြခဲ့သည့် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ဟူကျင်ထောင်း ၏ အစီရင်ခံစာတွင်၊ စီးပွားရေးစနစ်ပြုပြင် ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေးကို ဖော်ပြသည့်အပြင် ပြုပြင်ပြောင်းလဲမှုနက်ရှိုင်းစေရေး သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းကို အလျင်အမြန်ပြောင်းလဲစေသည့် သော့ချက် ပင်ဖြစ်ကြောင်းလည်း ဖော်ပြသည်ဟု သတင်းရရှိပါသည်။
   Webradio