• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် တရုတ်ဝိဒေသ ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ် လမ်းကြောင်းမှာ တက်လှမ်းခြင်းဟာ အလွန်အရေးကြီးကြောင်း အရှေ့တောင်အာရှ နိုင်ငံတွေက အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ယူဆကြ

(GMT+08:00) 2012-11-12 19:25:25

    ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကြီးကို အခု ပီကင်းမှာ ကျင်းပနေဆဲဖြစ်ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံတွေက အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်နဲ့ မီဒီယာများက တရုတ်ပြည်အနေနဲ့ တရုတ်ဝိဒေသ ထူခြားချက်ပါတဲ့ ဆိုရှယ်လစ် လမ်းကြောင်းမှာ ဦးလည်မသုန် တက်လှမ်းခြင်းဟာ တရုတ်ပြည်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးတဲ့အပြင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း နက်ရှိုင်းတဲ့ သြဇာသက်ရောက်မှုလည်း ရှိကြောင်း ယူဆကြပါတယ်။

လာအိုနိုင်ငံ စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စက် ကင်မာနီ-ပိုလ်ဆယ်နာက ဗီယင်ကျမ်း-မြို့မှာ စီအာအိုင်-သတင်းထောက်နဲ့ တွှေ့ဆုံခဲ့ရာ ကျွန်မက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဟူကျင်ထောင်ရဲ့ နိုင်ငံရေး အစီရင်ခံစာအပေါ် အလွန်အာရုံစိုက်ကြောင်း၊ တရုတ်ဝိဒေသ ထူခြားချက်ပါတဲ့ ဆိုရှယ်လစ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှာ တက်လှမ်းတယ်လို့ အဲဒီ အစီရင်ခံစာမှာ အလေးထားဖေါ်ပြကြောင်း ပြောကြားပါတယ်။

    သူက ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံဟာ တရုတ်ပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေး အရေးကိစ္စဖြစ်ရုံသမကဘဲ တစ်ကမ္ဘာလုံးအတွက်လည်း အရေးကြီးကြောင်း၊ နိုင်ငံအသီးသီးတို့က ဒီအကြိမ် ညီလာခံအပေါ် များစွာ အလေးထား အာရုံစိုက်နေကြကြောင်း၊ ကျွန်မဟာ အထွေထွေ အတွင်းရေးမှူးချုပ် ဟူကျင်ထောင်ရဲ့ အစီရင်ခံစာကို ဖမ်းယူနားဆင်ခဲ့ကြောင်း၊ အစီရင်ခံစာမှာ တရုတ်ဝိဒေသ ထူခြားချက်ပါတဲ့ ဆိုရှယ်လစ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှာ တက်လှမ်းတယ်လို့ အလေးထားဖေါ်ပြ တဲ့အပြင်၊ ပြည်သူတို့ရဲ့ ဝင်ငွေကို တိုးပွားစေရေး၊ ပြည်သူတို့ ချမ်းမြေ့သာယာအောင် အကျိုးဆောင်ပေးမယ်လို့လည်း ဖေါ်ပြကြောင်း၊ ကျွန်မဟာ အလွန်အာရုံစိုက် နေကြောင်းလည်း ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံ ချူလာလုံကွန်-တက္ကသိုလ်မှ တရုတ်ပြဿနာ ပညာရှင် မစ္စတာ ကိုးဆပ်-သန်ချာရိုအင်ကစ်-က မကြာခင်က စီအာအိုင်-သတင်းထောက်နဲ့ တွေဆုံရာမှာ အဲဒီအစီရင်ခံစာမှာ အတော်အတန် ချမ်းသာတဲ့ လူ့ဘောင် အဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ရေးအတွက် အားထုတ်ကြိုးပမ်းမှာဖြစ်တယ်လို့ ဖေါ်ပြတာကို တွေ့ရှိကြောင်း ဖေါ်ပြပါတယ်။

    သူက တရုတ်ပြည် ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့် မူဝါဒ ကျင့်သုံးခဲ့တဲ့ နောက်ပိုင်းမှာ တရုတ်ပြည်ဟာ စီးပွားရေး ထူထောင်မှုကို အဓိကလုပ်ငန်းအဖြစ် လုပ်ဆောင်ကြောင်း၊ တရုတ်စီးပွားရေးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ဒါပေမဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ တစ်ချိန်တည်းမှာပဲ ဆင်းရဲမွဲတေမှုနဲ့ ချမ်းသာမှုအကြား ကွာခြားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မညီမျှခြင်းစတဲ့ ပြဿနာတွေ ပေါ်ပေါက်လာကြောင်း၊ အဲဒီပြဿနာတွေကို စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အတော်အတန် ချမ်းသာတဲ့ လူ့ဘောင် အဖွဲ့အစည်း ဘက်စုံ တည်ဆောက်ရေးနဲ့ ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။

အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ နိုင်ငံခြား ဆက်သွယ်ရေးဌာန ဌာနမှူး ကာစတိုရီအူစ်-ဆီနာဂါက စီအာအိုင်-သတင်းထောက်နဲ့ တွေ့ဆုံရာမှာ အခု တရုတ်ပြည်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာ ရေးရာများကို ကိုင်တွယ်ဖြေရှင်းရေး နယ်ပယ်တွေမှာ ယုံကြည်မှု တစ်နေ့တစ်ခြား တိုးလာပါတယ်။ အာရှတိုက်နဲ့ တစ်ကမ္ဘာလုံးမှာ ပိုမိုအရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လာနေပါတယ်။ ဒါဟာ အလွန်ကောင်းပါတယ်လို့ ဖေါ်ပြပါတယ်။

   Webradio