|
||||||||
|
|||||||||||||
တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံကို ပီကင်းမြို့တွင် ကျင်းပနေဆဲဖြစ်ပါသည်။ ဖိလစ်ပိုင်ပြည်သူ့ပါတီခေါင်းဆောင်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟူအန်ဖုန်စီ-အိမ်ရီလေ၊ ဖိလစ်ပိုင်လစ်ဘရယ်ပါတီပူးတွဲဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖေလီစီအာနို-ဘေလ်မွန်တေ၊ ဖိလစ်ပိုင်လစ်ဘရယ်ပါတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဂျိုကျီ-ရိုကျာစ်၊ ဖိလစ်ပိုင်လစ်ဘရယ်ပါတီအမြဲတမ်းဒုဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဂျိုဆေဖ်-အာဘာယာ၊ အရှေ့တီမောဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူး မာရီအာနို-ဆာဘီနို နှင့် အင်ဒိုနီးရှားသမာသမတ်ကျရေးနှင့် စည်ပင်သာယာရေးပါတီဥက္ကဋ္ဌ လူရှီဖီဟာဆန်-အီဆတ် တို့သည် တရုတ်ကွန်မြူနစ်ပါတီ ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ညီလာခံကျင်းပခြင်းအပေါ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြပါသည်။
|