• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီယွမ်ချောင်၊ကျန်းကော်လီစသည့် ကိုယ်စားလှယ်များသည် ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကြီးကို တက်ရောက်ကြသော ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲတွင် အသီးသီးပါဝင်

(GMT+08:00) 2012-11-11 16:43:06

လီယွမ်ချောင်၊ ကျန်းကော်လီ၊ လင်ကြည်ဟွာ၊ ဝမ်ဟုနင်၊ တိုက်ပင်ကို၊ လျောက်ဟွေ၊ ချင်ခွေယွမ်နှင့် တိန့်ဖူဖန် စသည့် ကိုယ်စားလှယ်များသည် မကြာမီရက်များက ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကြီးကို တက်ရောက်ကြသော ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲတွင် အသီးသီးပါဝင်ခဲ့သည်ဟု ဆင်ဟွာ-သတင်းအရ သိရပါသည်။

၎င်းတို့က ဥက္ကဋ္ဌ ဟူကျင်ထောင်၏ အစီရင်ခံစာသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒကို ဖေါ်ပြနေသည့် အစီရင်ခံစာတစ်ခု ဖြစ်ပြီး တရုတ်ဝိဒေသ ထူးခြားချက်ပါသော ဆိုရှယ်လစ် အောင်မြင်မှုသစ် ရရှိရန် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ကြောင်း အသီးသီး ဖေါ်ပြပါသည်။

   Webradio