• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်အနယ်နယ်အရပ်ရပ်မှ ကေဒါနှင့်ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံ အစီရင်ခံစာကိုတန်ဖိုးထားချီးကျူး

(GMT+08:00) 2012-11-10 16:51:31
      တရုတ်ကွန်မြူနစ်ပါတီ ၁၈-ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံကို ၈-ရက်နေ့နံနက် ပိုင်းက ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ပြည်အနယ်နယ်အရပ်ရပ်မှ ကေဒါနှင့် ပြည်သူများသည် ညီလာခံတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ဟူကျင်ထောင်း ၏ အစီရင်ခံစာကို ဖမ်းယူနားဆင်ကြည့်ရှုခဲ့ကြပါသည်။ ၄င်းတို့က၊ တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုဖြင့် လွန်ခဲ့သည့်၁၀-နှစ်အတွင်း တရုတ်ပြည်၏စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူလူထု၏စားဝတ်နေရေး သိသိသာသာတိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာ အဆင့်နေရာလည်း မြင့်တက်လာကြောင်း၊ တရုတ်ပြည်သူများသည် စည်းလုံးညီညွတ်ပြီး ကြိုးပမ်းအားထုတ်လျှင် အတော်အတန်ချမ်းသာသည့်လူ့အဖွဲ့အစည်း ဘက်စုံတည်ဆောက် ရန်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အမိနိုင်ငံသည် အင်အားပိုမို တောင့်တင်းလာမည်ဖြစ်ကာ ပြည်သူလူထု၏နေထိုင်မှုဘ၀မှာ တနေ့တခြားတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း အသီးသီးဖော်ပြခဲ့ကြပါသည်။
   Webradio