• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာပြည်ပြန်တရုတ်အမျိုးသားများအသင်းသည် တည်ထောင်သည့်၂၄နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပီကင်း၌ ကျင်းပ

(GMT+08:00) 2012-05-01 17:01:02

 မြန်မာနိုင်ငံပြန် တရုတ်အမျိုးသားများအသင်းဥက္ကဋ္ဌ-ဒေါ်စိန်ခိုင်သည် မိန်းခွန်းပြောကြားနေစဉ်

 

    ယနေ့ မြန်မာပြည်ပြန်တရုတ်အမျိုးသားများအသင်းသည် တည်ထောင်သည့်၂၄နှစ်ပြည့်အထိမ်းအမှတ်အခမ်း အနားကို ပီကင်းတရုတ်ဘာသာသင်ကောလိပ်၌ ကျင်းပခဲ့ပါသည်။  

    နိုင်ငံခြားပြန်တရုတ်အမျိုးသားများအသင်းဒုဥက္ကဋ္ဌလီကျိုပင်၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးဦးတင်ဦး၊ သံမှူးကြီးဦးလှိုင်မြင့်ဦးနှင့်သံမှူးဦးစောဟန်တို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

 

                                        မြန်မာသံအမတ်ကြီး-ဦးတင်ဦး မိန်းခွန်းပြောကြားနေစဉ်

 

    အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာပြည်ပြန်တရုတ်အမျိုးသားများအသင်းဥက္ကဌ-စုရှုယွိခေါ်ဒေါ်စိန်ခိုင်သည်၂၀၁၁ခုနှစ်အသင်းလုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါသည်။ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးတင်ဦး ကလည်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

မြန်မာပြည်ပြန်တရုတ်အမျိုးသားများအသင်းသည် ပီကင်းမြို့နိုင်ငံခြားပြန်တရုတ်အမျိုးသား များအသင်းက ချီးမြှင့်သော၂၀၁၁ခုနှစ်ထူးချွန်သောအသင်းအဖွဲ့လည်းဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံပြန် တရုတ်အမျိုးသားများအသင်းများသည် တရုတ်-မြန်မာချစ်ကြည်ရေး သီချင်းနဲ့ ဖျော်ဖြေနေစဉ်

   Webradio