• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ယွမ်ငွေလှဲလှယ်နှုန်း အတက်အကျ အသင့်အတင့်ချောင်လည်အောင် လုပ်ပေးနိုင်ကြောင်း တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြား

(GMT+08:00) 2012-03-06 16:26:04

တရုတ်ဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌ ကျိုရှောင်ချွမ် သည် သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ တရုတ်ယွမ်ငွေလှဲလှယ်နှုန်း အတက်အကျ အသင့်အတင့်ချောင်လည်အောင် လုပ်ပေးနိုင်ပြီး ဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအား ဖြင့် ငွေလှဲလှယ်နှုန်းပြောင်းလဲစေသည့်စနစ်ကို ပိုမိုပေါ်လွင်လာစေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ၏စီးပွားရေးအခြေအနေကို ဖော်ပြနိုင်သည့် တရုတ်ယွမ်ငွေလှဲလှယ်နှုန်း အတက်အကျအခြေအနေကို လူအများက အာရုံစိုက်ကြပါသည်။ တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းအရ၊ လွန်ခဲ့သည့်၂၀၁၁-ခုနှစ်နှစ်ကုန်က တရုတ်ယွမ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ ၂၀၁၀-ပြည့်နှစ်နှစ်ကုန်ကထက် ၅.၁-ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သတင်းရရှိပါသည်။ 

   Webradio