• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်အရာရှိများသည် ဝန်ကြီးချုပ် ဝင်ကျားပေါင် တင်သွင်းခဲ့သည့် တရုတ်အစိုးရလုပ်ငန်းအစီရင်ခံစာကို အာရုံစိုက်ကြ

(GMT+08:00) 2012-03-05 15:43:06

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ ၅-ရက်နေ့တွင် ပီကင်းမြို့၌ ဖွင့်လှစ်လိုက်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ဝင်ကျားပေါင်သည် တရုတ်နိုင်ငံတော်ကောင်စီကိုကိုယ်စားပြုပြီးအစိုးရလုပ်ငန်းအစီရင်ခံစာ ကို တင်သွင်းခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Faye Locke က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ ယင်းမှာ မိမိက ပထမဆုံးအကြိမ် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ကြားနာခြင်းဖြစ် ကြောင်း၊ မိမိအနေဖြင့် ဝန်ကြီးချုပ် ဝင်ကျားပေါင် တင်သွင်းခဲ့သည့် အစိုးရလုပ်ငန်းအစီရင်ခံ စာကို မျှော်လင့်ချက်ထားနေပါကြောင်း ပြောကြားပါသည်။

      တရုတ်နိုင်ငံဆိုင်ရာ ချီလီသံအမတ်ကြီး Luis Schmidt Montes ကလည်း ယခုအကြိမ် အစည်းအဝေးကို မျှော်လင့်ချက်ထားပါကြောင်း သတင်းရရှိပါသည်။   
   Webradio