• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည်အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2012-03-03 15:50:05

  တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ ၃-ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသည် ၁၁- ကြိမ်မြောက် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၏ ၅-နှစ်ကြာ တာဝန်သက်တမ်းအတွင်း နောက်ဆုံးအကြိမ် နှစ်ပတ်လည်အစည်းအဝေးပင် ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ဟူးကျင်ထောင်း၊ ဝူပန်းကို၊ ဝင်းကျားပေါင်၊ ကျာချင့်လင်၊ လီချမ်ချွင်း၊ ရှိကျင့်ဖိန်၊ လီခေ့ချမ်၊ ဟို့ကိုချမ်၊ ကျိုးယုံခမ်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။ ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၂၀၀-ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio