• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင် ၁၁-ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ မဉ္စမအကြိမ်အစည်းအဝေး ဖွင့်လှစ်ခြင်းကို ဂုဏ်ပြု

(GMT+08:00) 2012-03-03 15:40:00

    ယခုလ ၃-ရက်နေ့က ထုတ်ပြန်သည့် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ခေါင်းကြီးပိုင်းတွင်၊ တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ မဉ္စမအကြိမ်အစည်းအဝေး ဖွင့်လှစ်ခြင်းကို ဂုဏ်ပြု ထောမနာ ပြုလိုက်ကြောင်း သတင်းရရှိပါသည်။ သတင်းစာ၏ခေါင်းကြီးပိုင်းတွင်၊ ၂၀၁၁-ခုနှစ်သည် ဒွါ ဒသမ ၅-နှစ်စီမံကိန်းကာလ၏ အစဦးပိုင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် သွေးစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေး ဆောင်ပုဒ်နှင့်အညီ၊ နိုင်ငံရေးအတိုင်ပင်ခံ၊ ဒီမိုကရေစီ ကြီးကြပ်ရေးနှင့် နိုင်ငံရေးတွင် ပါဝင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်ခဲ့ကြောင်း ရေးသားဖေါ်ပြပါသည်။

   Webradio