• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်သူတို့ ရဲ့နေထိုင်မှုဘ၀တိုးမြင့်ရေးကိုအရေးထားမည့်အစည်းအဝေး

(GMT+08:00) 2012-03-02 18:05:42

    ဒီလဆန်းမှာ ဆိုရင် ပီကင်းမှာ အရေးကြီးတဲ့ အစည်းအဝေးကြီးနှစ်ခု ကျင်းပမှာဖြစ်ပါတယ်။ အဲဒါကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက်အစည်းအဝေးနဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ အစည်းအဝေးတို့ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးများမှာ၊ ၀င်ငွေမျှတရေး၊ အိမ်ခြံမြေဈေးထိန်းညှိ ရေး၊ ပညာသင်ကြားမှုမျှတရေးနဲ့ ပြည်သူတို့နေထိုင်မှုဘ၀တိုးမြင့်ရေး စတာတို့ကို အလေး ထားဆွေးနွေးဘို့ ရှိတယ်လို့ သိရပါတယ်။

    ရှောင်ယွီက ၊ ကျမ အလုပ်အကိုင်နဲ့ (၂)နှစ်ရှိပါပြီ။ ကျမရတဲ့ လစာဟာ အိမ်ငှားခ၊ သွားရလာရကားခတွေ နုတ်လိုက်ရင် သိပ်မကျန်တော့ပါဘူး။ ဒါကြောင့် လာမည့် နှစ်များမှာ လစာပိုရပြီး  ငွေစုနိုင်ဘို့ မျှော်လင့်ပါတယ်လို့ပြောကြားပါတယ်။

   ထျန်ကျင်းမြို့သူလေး(ရှောင်ယွီ)ဟာ ၂၀၀၉-ခုနှစ်က တက္ကသိုလ်ကျောင်းအောင်ပြီး ပီကင်းမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ သူက သူ့ရဲ့လက်ရှိနေထိုင်မှုဘ၀ကို သိပ်ပြီးကြေနပ်ဟန်မတူပါဘူး။ ဖေဖော်ဝါရီလကုန်မှစာရင်းအရ မနှစ်က ပီကင်း၊ရှန်ဟဲနဲ့ ဟန်ကျိုးမြို့များက လူတစ်ဦး ချင်း ပျမ်းမျှဂျီဒီပီဟာယွမ်(၈)သောင်းကျော်၊ ဒေါ်လာ(၁၂၀၀၀)လောက်ရှိတယ်လို့ သိရပါ တယ်။ ၂၀၁၀-ပြည့်နှစ်က ကမ္ဘာ့ဘဏ်ရဲ့စံနှုန်းအရ ဆိုရင် ချမ်းသာတဲ့ နိုင်ငံများကလောက်ရှိပါတယ်။ အဲဒီ အားရစရာကောင်းတဲ့ပျမ်းမျှတစ်ဦးချင်းဂျီဒီပီဟာ နယ်မှလာပြီး ပီကင်းမှာလုပ် ကိုင်စားသောက်နေတဲ့ (ရှောင်ယွီ)အဖို့ တစ်မျိုးကြီးခံစားရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ပီကင်းစက်မှုနဲ့ စီးပွားရေးတက္ကသိုလ်မှ  ပါမောက္ခ(ကျိုးချင်းကျယ်)က၊ ဂျီဒီပီရဲ့တိုးတက်နှုန်းဟာ ပြည်သူလူထုရဲ့ ပျော်ရွှင်မှုတိုးပွားမှု နဲ့တိုက်ရိုက်ကြီးသက်ဆိုင်နေတာချည်း မဟုတ်ပါဘူးလို့ ပြောကြားပါတယ်။ ဆက်လက်ပြီးသူက-- စင်စစ်အားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တန်ဖိုးအစုစုလို့ ခေါ်တဲ့ ဂျီဒီပီတိုးလာရင် ချမ်းမြေ့ပျော်ရွှင်မှုတိုးများလာမည်လို့ ယူဆရင်သိပ်မမှန်ပါဘူး။ ဂျီဒီပီ ဟာ နိုင်ငံတစ်နိုင်ငံရဲ့ တစ်နှစ်အတွင်းကုန်ထုတ်လုပ်မှု အစုစုတန်ဖိုးကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီဂျီဒီပီမှာ အထက်က ဆိုခဲ့တဲ့ကုန်ထုတ်လုပ်မှုအစုစုတန်ဖိုးအတွက် ပတ်ဝန်းကျင်ညစ် ညမ်းမှု၊ အရည်အသွေးမပြည့်မီတဲ့ ကုန်စည်များ၊စားသောက်ကုန်လုံခြုံရေးစတဲ့ ပြသနာများကို ထည့်သွင်းထားခြင်း မရှိပါဘူး။ နောက်ပြီး ဆင်းရဲချမ်းသာကွာဟမှုနဲ့ လူအဖွဲ့အစည်းရဲ့အေးငြိမ်းသက်သာနေထိုင်မှု အဆင့်အတန်းစတာတို့လည်း မပါရှိပါဘူး။ ဒါကြောင့် ဂျီဒီပီတိုးနှုန်းဟါ ချမ်းသာပျော်ရွှင်မှု တိုးနှုန်းနဲ့ မဆိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။

    ဒါကြောင့် လဲဘဲနိုင်ငံတော်ရဲ့ အောင်မြင်မှုအသီးအနှံတွေကို အများပြည်သူတို့ ပိုမိုမျှဝေခံစား နိုင်စေဘို့နဲ့ အများပြည်သူတို့ရဲ့ နေထိုင်မှုဘ၀အဆင့်အတန်းတိုးမြင့်ရေးဟာ  တရုတ်အစိုးရရဲ့ လုပ်ငန်းမှာ ဦးစားပေးနေရတာဖြစ်ပါတယ်။ သက်ဆိုင်ရာမှစာရင်းအရ မနှစ်ကတရုတ် ပြည်စီးပွားရေးတိုးတက်နှုန်းဟာ (၉့ ၂)ရာခိုင်နှုန်းရှိပြီး ၊မြို့နေလူထုရဲ့ဝင်ငွေတိုးနှုန်းဟာ (၈့၎)ရာခိုင်နှုန်းရှိပါတယ်။ ကျေးလက်နေပြည်သူတို့ရဲ့ ပျမ်းမျှတစ်ဦးချင်းဝင်ငွေတိုးနှုန်းဟာလည်း တမြန်နှစ်ကထက် (၁၁့၎)ရာခိုင်နှုန်းတိုးလာတယ်လို့သိရပါတယ်။ အဲဒီစာရင်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ပြည်သူ့ကိုယ်စားလှယ်ဘောဂဗေဒပါမောက္ခ (ကူစဲန့်ကျူ)က--မနှစ်ကပြည်သူ့ကွန်ဂရက်အစည်းအဝေးမှ အတည်ပြုခဲ့တဲ့ ဒွာဒသမငါးနှစ်စီမံကိန်းမှာ အရေးကြီးတဲ့ အချက်ကတော့ ပြည်သူတို့ရဲ့ ဝင်ငွေတိုးပွားမှုကို အမျိုးသားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ ဆက်စပ်ထားဘို့ဖြစ်ပါတယ်။ ပြည်သူများကို ဝင်ငွေတိုးပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးရဲ့ အောင်သီးအောင်နှံများကို ပိုမို မျှဝေခံစားစေဘို့ ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

    တရုတ်ပြည်ဟာ အခြေခံမတောင့်တင်းတာရယ်နဲ့ လူဦးရေတိုးများခြင်းတို့ကြောင့် ပြည်သူတို့ရဲ့ နေထိုင်မှုဘ၀တိုးမြင့်ရေးဟာ အများမျှော်လင့်ထားသလို မလွယ်လှပါဘူး။ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်(ဝင်းကျားပေါင်)က မကြာခင်ကအစိုးရလုပ်ငန်းအစီ ရင်ခံစာနဲ့ပတ်သက်ပြီး အကြံပြုချက်များတောင်းခံရာမှာ၊ (အစိုးရလုပ်ငန်းမှာအရေးကြီးတာက ပြည်သူတို့နေထိုင်မှုဘ၀ဘဲဖြစ်ပါတယ်)လို့ ပြောကြားသွားပါတယ်။

   Webradio