• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝင်းကျားပေါင်သည်၊သြစတြေးလျားနှင့်စင်ကာပူဝန်ကြီးချုပ်တို့နှင့်အသီးသီးတွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2011-11-20 16:45:04

တရုတ်ဝန်ကြီးချုပ်ဝင်းကျားပေါင်သည်၊ ယမန်နေ့ ၁၉-ရက်နေ့က အင်ဒိုနီးရှားဗာလီ ကျွန်း၌ သြစတြေးလျားဝန်ကြီးချုပ် ဂျူလီယာ-ဂီလတ်၊ စင်ကာပူဝန်ကြီးချုပ် လီဟိန်လွန် တို့နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ဂီလတ်နှင့်တွေ့ဆုံနှုတ်းဆက်ရာ၌ ၀န်ကြီးချုပ်ဝင်းကျားပေါင်က၊ ၂-နိုင်ငံတို့သည်၊ လက်ရှိအချိန်ရှပ်ထွေးပွေလီသော နိုင်ငံတကာနှင့်ဒေသဆိုင်ရာအခြေအနေတွင် အပြန် အလှန်အကျိုးရှိပြီး၊ အပြန်အလှန်နားလည်မှုဖြင့် ၂-ဖက်တို့လွတ်လပ်စွာကုန်သွယ်မှု အစီအစဉ်များကို စောလျင်စွာအကောင်အထည်ဖေါ်ဆောင်ရန် လိုအပ်ကြောင်းပြောကြား သည်ဟု သိရပါသည်။

   Webradio