လက်ရှိနိုင်ငံတကာနိုင်ငံရေး၊စီးပွားရေးအခြေအနေရှုပ်ထွေးပြီးတင်းကျပ်နေသည့်အခြေ
အနေမျိုးတွင် ယခုအကြိမ်အရှေ့အာရှနိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် စည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအကြောင်းများကိုအဓိကထားရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းတွင် အရှေ့အာရှခေါင်းဆောင်များ အစည်းအဝေးများကိုတက်ရောက်နေသောတရုတ်ဝန်ကြီးချုပ်ဝင်ကျားပေါင်သည် ယမန်နေ့က အလေးအနက်ပြောကြားပါသည်။ (၁၈)ရက်နေ့က ဝန်ကြီးချုပ်ဝင်ကျားပေါင်က ၁၄-ကြိမ်မြောက်အာဆီယံ-တရုတ်ခေါင်းဆောင်များအစည်းအဝေးသို့တက်ရောက်ပြီး တရုတ်-အာဆီယံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးတက်ပြုလုပ်ရန်အတွက် တိုက်တွန်းချက်များကိုတင်ပြလိုက်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။