• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူးရင်မမောင်း မောင်းရင်မမူး

(GMT+08:00) 2011-08-25 13:53:29

မေ--သောတရှင်များအားလုံးမင်္ဂလာာပါရှင်၊ ကျွန်မမေအားမာန်ပါ။ ဒီနေ့ကျွန်မအမြင်၊ ကျွန် တော့်အတွေးအစီအစဉ် လေးကို ထုတ်လွှင့်ဖို့အချိန်ကျလို့လာပြန်ပါပြီရှင်၊ ဒီအပတ်အားမာန် တို့အမြင်ချင်းဖလှယ်ကြမဲ့အကြောင်းအရာလေးက တော့ မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ ဆိုတဲ့အကြောင်းလေးတွေပါပဲရှင်။ အခုဆိုရင်၊ တရုတ်ပြည်လုံးဆိုင်ရာတရုတ် ပြည်သူ့ကွန်ဂ ရက်ညီလာခံနဲ့တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ညီလာခံကြီး အောင်မြင်စွာ ကျင်ပပြီးစီးသွား ပြီဆိုတာကို အားလုံးလည်းသိပြီကြပါပြီနော်။ အဲဒီညီလာခံကြီးမှာ အတည် ပြုချမှတ်လိုက်တဲ့ဥပဒေတွေထဲမှာမှ အရက် သေစာသောက်စားပြီးကားမောင်းသူတွေအတွက် ပိုမိုထိရောက်တဲ့ဥပဒေသစ်ကို အတည်ပြုချမှတ်လိုက်တယ်ဆိုတဲ့အ ကြောင်းကို ဒီနေ့ ကျွန်မတို့ပြောကြရအောင်လား၊ ဦးခင်မောင်ဝင်းရေ။

 

ဦး--ဟုတ်ကဲ့၊ ကောင်းပါတယ်။ အခုပီကင်းမှာက မော်တော်ကားအရေအတွက်များလာတာ နဲ့အမျှ ကားတိုက်မှုတွေ ကလည်းများလာတာ၊ ဒါကြောင့်အခုကျင်းပပြီးသွားတဲ့ ပြည်သူ့ကွန် ဂရက်အစည်းအဝေးကြီးတွေမှာ အရက်မူးပြီးကား မောင်းရင် အန္တရာယ်များလွန်းလို့အခုလို ဥပဒေကိုပြန်လည်ပြင်ဆင်လိုက်တာနေမှာ--

 

မေ--ဟုတ်ကဲ့၊ အဲဒီအကြောင်းလေးကိုသောတရှင်တွေသိရအောင်ပြောလိုက်ကြပါစို့လား ရှင်။

 

ဦး--ဟုတ်ကဲ့၊ အဲဒီအစည်းအဝေးကိုတက်ရောက်ရတဲ့ကိုယ်စားလှယ်တွေက အုပ်စုသုံးစုခွဲ ပြီး ရာဇ၀တ်မှုဥပဒေပြင်ဆင် ရေးမူကြမ်းကိုသုံးကြိမ်တိုင်စိစစ်ခဲ့တာပါ၊ အဲလိုစိစစ်နေတုန်းမှာ လေအရက်မူးပြီးကားမောင်းရင်အဲလိုပြင်းထန်စွာ အ ပြစ်ပေးမှာကိုတစ်ချို့က သဘောတူကြ သလို၊ တစ်ချို့ကြတော့လည်း သဘောမတူကြပြန်ဘူးလေ။

 

မေ--ဟုတ်လား၊ စိတ်ဝင်စားစရာကောင်းတယ်၊ ဘယ်လိုဖြစ်လို့အဲလိုသဘောထားတွေကွဲ နေကြတာလဲရှင်။

 

ဦး--ဒါကတော့ဒီလိုပါ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ကစည်းကမ်းဖောက်တယ်၊ ဥပဒေ ကျူးလွန်တယ်ပြောလို့မရဘူး လို့ ဆိုကြပြန်တယ်။ တစ်ချို့ကြာတော့လည်း ဥပဒေကျူးလွန် တယ်ပေါ့။

 

မေ--ဟုတ် ဆက်ပြောပြပါရှင်။

 

ဦ-- အများစုကတော့ အရက်မှုးပြီးကားမောင်းလို့ လူကိုတိုက်မိတာပဲဖြစ်ဖြစ်၊ မတိုက်မိတာပဲ ဖြစ်ဖြစ် အပြစ်ကျူးလွန် တယ်လို့ပြောရမယ်။ ဒါမှ ကားတိုက်မှုအန္တရာယ်တွေနည်းလာနိုင် မယ်လို့ပြောကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး စာရင်းဇ ယားအတိအကျနဲ့ပြောပြပေးမယ်နော်။

 

မေ--ဟုတ်ကဲ့၊ ပြောပြပါဦး၊ သိထားရတာပေါ့နော်။

 

ဦး--၂၀၁၀မှာ အရက်မူးပြီးကားမောင်းတဲ့အမှုကို ၈၇၀၀၀ဖော်ထုတ်နိုင်ခဲ့တယ်လေ။ ဒါ ကြောင့် ဒီမှုကိုပေါ့ပေါ့ဆဆ ထားလို့မရတော့ဘူးစဉ်းစားလာကြတာ၊နောက်ပြီးတရုတ်ပြည် သူ့လုံခြုံရေးဝန်ကြီးဌာနက စာရင်အရ ပြောရရင် လွန် ခဲ့တဲ့၅နှစ်အတွင်းမှာ မူးမူးနဲ့မောင်းပြီး ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး သေဆုံးတဲ့အမှုကနှစ်စဉ်မျမ်းမျှ ၁၀၀၀၀ကျော်ရှိတယ်။ တစ်နှစ်မှာပျမ်း မျှလူ ၄၅၀၄ယောက်သေဆုံးပြီး၊ တစ်သောင်းကျော်လောက်ဒါဏ်ရာရခဲ့တယ်တဲ့၊ အဲဒီကားတိုက်မှုတွေ ထဲမှာမှ မူးပြီးမောင်းတဲ့အမှုအများဆုံးပဲလေ။ အဲဒီကားတိုက်မှုသုံးခုမှာ အနည်း ဆုံးလူတစ်ယောက်သေဆုံးနေတာ။

 

မေ--အော် တော်တော်လေးစိတ်မကောင်းစရာပဲနော်၊ သက်ဆိုင်ရာတို့က ဒီလောက်ကြီး ကြပ်တားမြစ်နေတဲ့ကြားက ဒီလိုအမှုတွေကရှိနေတုန်းပဲနော်။

 

ဦး--ဟုတ်ပါတယ်၊စစ်ဆေးမှုတွေဆို နှစ်စဉ်တစ်သန်းကျော်လောက်ရှိတယ်။

 

မေ--ဟုတ်၊ စစ်ဆေးပုံလေးပြောပါဦးနော်။

 

ဦး--အော ဟုတ်ပါပြီ၊ ဒီလိုပါ၊ သူတို့မသင်္ကာသူတွေကိုဆိုင်ရင်တာားပြီးစစ်ဆေးတယ်၊ပြီး တော့ အရက်သောက်ထား မထား၊ ဘယ်လောက်သောက်ထားသလဲဆိုတာကိုစစ် ဆေးပေးနိုင်တဲ့စက်ရှိတယ်လေ။

 

မေ--အော် ဟုတ်လား၊ ဒါဆိုသူတို့လည်းငြင်းလို့မရတော့ဘူးပေါ့နော်။

 

ဦး--ဟုတ်တယ်၊ ပြီးတော့အခု ပီကင်းမြို့မှာပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ မူးပြီးမောင်းတဲ့ ကားတိုက်မှု ၅ခုမှာ လူ၁၄ဦးသေဆုံးခဲ့တယ်။ အဲဒီအမှု ၉မှုထဲမှာ ပီကင်းကကားဒရိုင်ဘာက ၆ဦး၊ ကျန်တဲ့၃ဦးက နယ်ကကားဒရုနင်ဘာပါ။ သူတို့ထဲမှာ၅ဦးက မှုးပြီးမောင်းတဲ့သူတွေ၊ သေဆုံးသူ ၁၄ဦးအနက် ၁၁ဦးကနယ်ကလာတဲ့သူတွေပေါ့။

 

မေ--အော သနားစရာကောင်းလိုက်တာနော်။ နောက်ပြီးအားမာန်သိထားတဲ့အကြောင်းကို ပြောဦးမယ်။ လူတိုင်းက ကိုယ့်မှာကားမရှိလို့ဒီကိစ္စကို ကိုယ်နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့၊ ဒီ ကိစ္စကလူသားတိုင်းနဲ့ဆိုင်တဲ့ကိစ္စပါ။ ဒီလိုလူတိုင်းက အ လေးထားဆောင်ရွက်မှ အရက်မူး ပြီး ကားမောင်းမှုတွေတဖြည်းဖြည်းပပျောက်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း လေး ကို ပြည်သူတစ်ယောက်နဲ့ထင်မြင်ချက်လေးကို ကြားလိုက်တယ်၊ နောက်တစ်ယောက်ကတော့ တကယ်လိုအဲ လိုမူးပြီး မောင်းတဲ့ကိစ္စကို ဒါဏ်ငွေရိုက်တာလောက်တာဆိုရင်သူဌေးတွေအတွက် ပိုက်ဆံဆိုတာအရေးမစိုက်တတ်ဘူး တဲ့။ အောနောက်တစ်ယောက်ကတော့ တကယ် လို့လူမှုရေးအရမဖြစ်မနေသောက်ရမယ်ဆိုရင်လည်းအခုလိုပြင်ဆင် လိုက်တဲ့ဥပဒေက ရှိ လာတာမို့လို့ ကားမောင်းရဦးမှာဆိုပြီး ငြင်းလို့ရနိုင်တယ်လို့လည်းပြောပါတယ်။ အဲလိုပြည် သူတွေ ရဲ့ထင်မြင်ချုက်လေးတွေကို သောတရှင်တွေ သိကြပြီးတဲ့နောက်သောတရှင်တို့က ကောဘယ်လိုထင်မြင်မိပါသလဲရှင်၊ အားမာန်တို့ရဲ့ ကျွန်မအမြင်ကျွန်တော့အတွေးအစီအ စဉ်အတွက် သောတရှင်တို့ရဲ့ဝေဖန်အကြုံပြုလွှာလေးတွေကို စောင့်မျှော်နေတယ်ဆိုတာ ကို အသိပေးလိုက်ပါရစေလားရှင်။

   Webradio