|
||||||||
|
|||||||||||||
တရုတ်ပြည်သူ့ဘဏ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်အိုင်စီဘီစီဘဏ်စင်ကာပူ ဘဏ်ခွဲကို တရုတ်ယွမ်ငွေနဲ့စာရင်းရှင်းဘဏ်အဖြစ် တာဝန်အပ်နှင်းပြီးတဲ့နောက် စင်ကာပူနိုင်ငံကိုနိုင်ငံတကာမီဒီယာများဟာ အလွန်ဂရုစိုက်နေကြပါတယ်။အခု စင်ကာပူနိုင်ငံမှာ ရှိတဲ တရုတ်ယွမ်ငွေဘဏ်အပ်ငွေစုစုပေါင်းပမာဏဟာ တရုတ်ပြည်မကြီးနဲ့ဟောင်ကောင် ပြီးနောက် တတိယနေရာမှာရှိပါတယ်။လောလောဆယ် နိုင်ငံတကာကုန်သွယ်မှုများစွာမှာ အမေရိကန်ဒေါ်လာနဲ့ရှင်းတာမို့၊ ငွေကြေးအကျပ်အတည်းကြောင့်အမေရိကန်ဒေါ်လာချို့တဲ့လို့၊တရုတ်နဲ့အခြားနိုင်ငံများ အကြားတရုတ်ယွမ်ငွေနဲ့စာရင်း ရှင်းဖို့အတွက်ရွေးချယ်မှုသစ်ဖြစ်လာတယ်လို့ အကဲခတ်သမားကဖေါ်ပြ ပါတယ်။
တရုတ်အိုင်စီဘီစီဘဏ်စင်ကာပူဘဏ်ခွဲဒုမန်နေရာချုပ် မစ္စတာ ကြူကျင်လုန်းက အိုင်စီဘီစီဘဏ်စင်ကာပူဘဏ်ခွဲဟာတရုတ်ယွမ်ငွေနဲ့စာရင်းရှင်းလုပ်ငန်းကိုတရားဝင် ဖေါ်ဆောင်ဖို့အဆင်သင့်ရှိပြီဖြစ်ကြောင်းပြောကြားပေမဲ့၊ဒီလုပ်ငန်းဖေါ်ဆောင်ဖို့တိကျသောနေ့ရက်ကိုဖေါ်ပြခြင်းမရှိဘူး။ဒါဟာ တရုတ်ပြည်သူ့ဘဏ်အနေနဲ့ နိုင်ငံခြားမှာ တရုတ်ယွမ်ငွေနဲ့စာရင်းရှင်းဘဏ်ကိုပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခြင်းဖြစ်ပြီး တရုတ်ယွမ်ငွေကိုနိုင်ငံဖြတ်ကျော်သုံးစွဲခြင်းဟာခိုင်မာသောခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီးလို့ပြဆိုကြောင်း အိုင်စီဘီစီဘဏ်က ကြေညာပါတယ်။
ယခုနှစ်များမှာတရုတ်ယွမ်ငွေကိုလက်ခံမှုနှုန်းမြင့်တက်လာနေတာကိုတွေ့ရပါတယ်။အခု ဟောင်ကောင်နဲ့ထိုင်ဝမ်မှာ(offshore) အော့ဖ်ရှောတရုတ်ယွမ်ငွေစာရင်းရှင်းဘဏ်ရှိသလို လန်ဒန်မှာလဲ အော့ဖ်ရှောတရုတ်ယွမ်ငွေဈေးကွက်ဟာလဲ ရှင်သန်လျင်မြန်စွာဖွံ့ဖြိုတိုးတက် နေပါတယ်။
တရုတ်ယွမ်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ၊ဒါမှမဟုတ်စတာလင်ပေါင်လို နိုင်ငံတကာငွေကြေးဖြစ်လိုရင် ခြေလှမ်း၃-လှမ်းခွဲပြီး လှမ်းရမှာဖြစ်ပါတယ်။ ပထမက၊နိုင်ငံခြားကုန်သွယ်မှုရဲ့စာရင်းရှင်းငွေဖြစ်ရမယ်၊ဒုတိယက၊ဖိုင်နန်စင် (financing)ငွေဖြစ်ရမယ်၊တိယကခြေလှမ်းကတော့၊သိုလှောင်ငွေဖြစ်ရမယ်။အဲဒီဖြစ်စဉ်ဟာ နိုင်ငံခြားဘဏ်များတရုတ်ယွမ်ငွေအသုံးပြုဖို့အခွင့်အရေးများစွာဆောင်ကျဉ်းမယ်လို့ကျွမ်းကျင်သူက ဖေါ်ပြပါတယ်။
(ANZ)အဲအဲန်ဇီဘဏ် တရုတ်ပြည်ဇုန်စီးပွားရေးသုသေသန တာဝန်ခံ မစ္စတာ လျူလိကန်းက၊တရုတ်ယွမ်ငွေနိုင်ငံတကာသုံးငွေဖြစ်ရေးကိုခြေလှမ်းသွက်သွက်ဆောင်ရွက်နေ ကြောင်း၊အခု စင်ကာပူနိုင်ငံမှာရှိတဲ့တရုတ်ယွမ်ငွေရဲ့ဘဏ်အပ်ငွေစုစုပေါင်းပမာဏဟာ ၂၅သန်းလောက်ရှိတယ်လို့ခန့်မှန်းကြောင်း၊အိုင်စီဘီစီဘဏ်ဟာ စင်ကာပူနိုင်ငံရဲ့ တရုတ်ယွမ်ငွေနဲ့စာရင်းရှင်းဘဏ်ဖြစ်ပြီးနောက် စင်ကာပူနိုင်ငံရဲ့ အော့ဖ်ရှောတရုတ်ယွမ်ငွေဈေးကွက်ဟာ ပိုမိုမြန်ဆန်စွာတိုးတက်မှာသေချာ ကြောင်းပြောကြား ပါတယ်။
စင်ကာပူနိုင်ငံဟာ ကမ္ဘာ့စတုတ္တအကြီးဆုံး နိုင်ငံခြားငွေကုန်သွယ်ရေးဗဟိုအချက် အချာဖြစ်သလို၊အာရှရေနံနဲ့ကုန်ပစ္စည်းများရဲ့အဓိက အရောင်းအ၀ယ်ဈေးကွက်ဖြစ်ပါတယ်။ တရုတ်ယွမ်ငွေစာရင်းရှင်းဘဏ်ရှိတဲ့စင်ကာပူနိုင်ငံဟာ ဟောင်ကောင်နဲ့ယှဉ်ပြိုင်မှုကိုပိုမို တက်ကြွစွာပြုလုပ်နိုင်မှာဖြစ်ကြောင်း၊အဲဒီလိုယှဉ်ပြိုင်မှုဟာ တရတ်ယွမ်ငွေ နိုင်ငံတကာသုံးငွေဖြစ်စေရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဖို့အကျိုးရှိမယ်လို့ အကဲခတ်သမားက ယူဆပါတယ်။
စင်ကာပူတာ့ဟွာဘဏ်စီးပွားရေးသုတေသနဌာနတာဝန်ခံ မစ္စတာ ချွန်ဒယ်ကျန့်ကအရှေ့တောင်အာရှနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားကုန်သွယ်မှုအလွန်များပြားပြီး နှစ်တိုင်းမှာ တရုတ်ယွမ်ငွေမြောက်များစွာဟာ အရှေ့တောင်အာရှနိုင်ငံများကိုစီးဆင်းဝင်ရောက်ခဲ့သဖြင့် စင်ကာပူနိုင်ငံဟာ တရုတ်ယွမ်ငွေစီးဆင်းမှုရဲ့ ဗဟိုအချက်အခြာဖြစ်နိုင်မယ်လို့ ပြောကြားပါတယ်ခင်ဗျာ။
|