|
||||||||
|
|||||||||||||
လာအိုနိုင်ငံ ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ မကြာမီကထုတ်ပြန်သော စာရင်းအရ
ယခုနှစ်ဇွန်လကုန်အထိ လာအိုနို်င်ငံမှာတပ်ဆင်ထားတဲ့ အလင်းဖန်မျှင်ကေဘယ်ကြိုး
ကီလိုမီတာ၎-သောင်း၁-ထောင်အထိရှိပြီး ဟန်းဖုန်း
ဆက်သွယ်ရေးစခန်း၄၆၄၄ခုရှိကာ တစ်နိုင်ငံလုံးမှ ၁၇-ပြည်နယ်မှ၁၃၈-ခရိုင်ကိုဆက်သွယ်
နိုင်ပါတယ်။ဒါ့အပြင် သရီးဂျီကွန်ရက်ဟာ တစ်ပြည်လုံးမှ တောရွာ၂၀၀၀ကိုဆက်သွယ်နိုင်ပါ
တယ်။အသစ်မှတ်ပုံတင်ထားသောတယ်လီဖုန်းနံပါတ်ဟာ ၁-သောင်းနဲ့၈၀၀ရှိပြီး ဟန်းဖုန်း
နံပါတ်ကတော့ ၁-သိန်း၇-သောင်း၇ထောင်ရှိပါတယ်။အခုအချိန်အထိ တစ်ပြည်လုံးမှမှတ်ပုံ
တင်ထားသောတယ်လီဖုန်းနံပါတ်စုစုပေါင်း ၅-သန်း၎-သိန်း၂-ထောင်ကျော်ရှိပြီး
လူ၁၀မှာဆိုရင် တယ်လီဖုန်းနံပါတ်ပိုင်ဆိုင်သူ၈၈-ယောက် ပျမ်းမျှရှိပါတယ်။
ဒါပေမဲ့၊လာအိုနိုင်ငံရဲ့ အင်တာနက်သုံးစွဲမှုနှုန်းဟာ ၅-ရာခိုင်နှုန်းသာရှိပြီး ခွင့်ထားတဲ့ အင်နာတက်
လက်မှတ်ဟာ ၂-သောင်း၅ထောင်ခုရှိပြီး တစ်ပြည်လုံးမှရှိတဲ့အင်တာနက်ပျော်များဟာ ၅-သိန်းဘဲ
ရှိပါတယ်။
စီးပွားရေးတည်ဆောက်မှုတိုးမြှင့်ရေးဘက်မှာရော ပြည်သူလူထုများရဲ့နေထိုင်မှုအဆင့်
အတန်းတိုးမြှင့်စေရေးဘက်မှာပါ ဆက်သွယ်ရေးလုပ်ငန်းဟာ အလွန်အရေးကြီး
သော အခြေခံလုပ်ငန်းဖြစ်ပါတယ်။ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းကိုလျင်မြန်စွာဖွံ့ဖြိုးစေ
ရေးအတွက် လာအိုအစိုးရဟာ အစိုးရငွေရင်းထုတ်ပေးမှုတိုးချဲ့ရေး၊နိုင်ငံခြားကုမ္ပဏီများနဲ့
ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများကို အခြေခံအဆောက်အုံဆောက်လုပ်မှုမှာပါဝင်စေဖို့အား
ပေးရေးစတဲ့ ဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ပါတယ်။ယခုနှစ်ဇူလိုင်လ၁-ရက်နေ့မှစပြီး
လာအိုနိုင်ငံဟာ တယ်လီဖုန်းသုံးစွဲခစံချိန်ကိုသတ်မှတ်ထားပြီး စတင်ကျင့်သုံးခဲ့ပါတယ်။
တယ်လီဖုန်းရဲ့ သုံးစွဲခဟာ တစ်မိနစ်လျင် ၂၅၀-ကီပ်ဖြစ်ပြီး ဟန်းဖုန်းရဲ့သုံးစွဲခဟာလဲ တစ်မိနစ်ရင်
ကီပ်၈၀၀ဖြစ်ပါတယ်။မက်ချေ့တစ်ကြိမ်ပေးပို့ရင် ကီပ်၁၀၀လိုအပ်ပါတယ်။
လာအိုနိုင်ငံကအသစ်ကျင့်သုံးတဲ့ သုံးစွဲခစံချိန်စံနှုန်းဟာ မနိမ့်သေးပေမဲ့ အရင်တုန်း
က ဆက်သွယ်ရေးကုမ္ပဏီအသီးသီးက သုံးစွဲခကို ကိုယ်ကြိုက်သလို သတ်မှတ်ထားခဲ့ခြင်း
ထက် အစိုးရရဲ့ အဲဒီလုပ်ဆောင်မှုဟာ သုံးစွဲသူများရဲ့ ချီးကျူးခြင်းခံခဲ့ကြရပါတယ်။
လာအိုနိုင်ငံဆက်သွယ်ရေးဈေးကွက်ကို ရှင်သန်ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေရေး
အတွက်နဲ့ တရားမျှတစွာယှဉ်ပြိုင်နိုင်စေရေးအတွက် ဆောင်ရွက်မှုအမျိုးမျိုးဆက်လက်ကျင့်
သုံးရမှာဖြစ်ကြောင်း၊တစ်ချိန်တည်းမှာလဲ စီးပွားရေးကိုတိုးမြှင့်စေဖို့အတွက် အင်တာနက်သုံးစွဲခကိုသတ်မှတ်ဖို့၊မြင့်မားသေးတဲ့ တယ်လီဖုန်းသုံးစွဲခကိုဆက်လက်လျှော့
ချဖို့လိုအပ်ကြောင်း အကဲခတ်သမားကယူဆပါတယ်။
|