|
||||||||
|
|||||||||||||
မေအားမာန်- သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ ကျွန်မမေအားမာန်ပါ။
ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။
မေ- အားမာန်တို့ နှုတ်ဆက်ပြီးပြီဆိုတော့၊ အလုပ်သဘောလေးစလိုက်ကြပါစို့လား ဦးခင်မောင်ဝင်း ရေ။
ဦး- ဟုတ်ကဲ့ပါဗျာ၊ အစီအစဉ်အစလေးမှာ ကျွန်တော်တို့ဆီကို သောတရှင်တွေက ပေးပို့လာတဲ့ စာ လွှာလေးတွေ ရောက်နေတယ်ဆိုတဲ့အကြောင်းလေး ပြောလိုက်ကြရင်မကောင်းဘူးလား။
မေ- ဟုတ်ကဲ့၊ အရမ်း အရမ်းကိုပြောချင်နေသူပါနော်။ အားမာန်တို့ဆီရောက်လာတဲ့ စာလွှာလေး တွေကတော့ မောင်ညိုမှိုင်းရဲ့ ဧပြီ ၂၅ ရက်နေ့က ရေးထားတဲ့ စာလွှာလေးတစ်စောင်နဲ့ မိုးစွေငှက် လေးရဲ့ မေလသုံးရက်နေ့က ရေးထားတဲ့စာတစ်စောင်နဲ့ ရက်စွဲမထိုးထားတဲ့စာတစ်စောင်တို့ ဖြစ် ပါတယ်။ အခုလိုစာရေုးပြီး အားမာန်တို့အစီအစဉ်ကိုအားပေးတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရ ပါတယ်။
ဦး- ဟုတ်တယ်ဗျာ။ သောတရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါပဲ မဟုတ်လား။
မေ- ဟုတ်တာပေါ့ရှင်။အော ဒါနဲ့ ဦးခင်မောင်ဝင်းရေ ခရီးသွားခြင်း၊မသွားခြင်းအပေါ် အမြင်လေး ဘယ်လိုရှိလဲဆိုတာ သိပါရစေလားရှင်။
ဦး- အင်း၊ ကျွန်တော်ကတော့ ခရီးသွားတာ၊မသွားတာတွေက ဒုတိယနေရာလောက်မှာ ရှိပါတယ်။
ဘာလို့ဆိုတော့ ကျွန်တော့မိသားစုနဲ့ဆို ဘာပဲဖြစ်ဖြစ်လုပ်ချင်တယ်။ မိသားစုနဲ့မဟုတ်ဘဲ တစ် ယောက်တည်းလုပ်ရမဲ့ ကိစ္စဆို တော်တော်လေးစဉ်းစားပြီးမှ လုပ်လေ့ရှိတယ်။
မေ-ဟုတ်တယ်၊ ဟုတ်တယ် အားမာန်သိတော့သိထားပါတယ်လေ။ ဒါပေမဲ့ မိသားစုနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတာနဲ့ပတ်သက်တဲ့ ရှိတဲ့ခံစားမှုလေးကိုပဲ ပြောပြပါဦးရှင်။
ဦး- အင်း.. ဒီလိုဆိုရင်တော့- အခုတရုတ်ပြည်မှာ ခရီးသွားပြီးအပန်းဖြေခြင်းနဲ့ ပတ်သက်ပြီး ဖြစ်ပျက် နေတဲ့အကြောင်းလေးတွေကို ပြောပြရအောင်လား။
မေ- အင်း၊ ဒါလည်းကောင်းတာပဲနော်။ အားမာန်ကြားဖူးတယ်၊အခုတရုတ်ပြည်မှာ ပိတ်ရက်ရှည် တွေဆိုရင် ပန်းခြံ၊ပြတိုက်၊ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားတဲ့နေရာစတာတွေ ကိုအားလပ်ရက် အပန်းဖြေခရီးပဲဖြစ်ဖြစ်၊ ဧည့်သည်တွေ၊ခရီးသည်တွေကလေ့လာရေးခရီးစဉ်ပဲဖြစ် ဖြစ်သွားလည်ခဲ့ရင် အဲဒိနေရာတွေကို ၀င်ဖို့ ၀င်ကြေးတွေတော်တော်တက်လာတယ်လို့ကြားတယ် ရှင်။
ဦး- ဟုတ်တယ်။ ကျွန်တော်လည်းသတင်းကြားတယ်။ အင်တာနက်သတင်းထဲမှာ လာမယ့်သုံး၊လေး လမှာ တရုတ်ပြည်ရဲ့နာမည်ကျော် ရှုခင်းသာနေရာဒေသ ၂၀ ကျော်မှာ ၀င်ကြေးတွေ တိုးမြှင့်မယ် လို့သတင်းတွေထွက်နေတယ်။
မေ-အဲလိုထပ်တက်ဦးမှာလား၊ တရုတ်ပြည်မှာ မေဒေးရုံးပိတ်ရက်တုန်းတည်းက တစ်ချို့နေရာတွေ မှာ ရာခိုင်နှုန်း ၂၀ ကနေ ၆၀ ထိ တိုးလာဆို၊ ဦးခင်မောင်ဝင်းရဲ့။
ဦး- ဒါလည်းမမှားပါဘူး။ ဒါကြောင့် အင်တာနက်ပျော်တွေပြောတဲ့ စကားအတိုင်းပြန်ပြောရမယ် ဆိုရင် အဲလိုတရုတ်ပြည်ရဲ့ ၀င်ကြေးလက်မှတ်တက်မှုဟာ ဘယ်လောက်ကြမ်းလဲဆိုရင် တစ် ကမ္ဘာလုံးမှာ ထိပ်ဆုံးက ပြေးနေတယ်လို့ပြောနေကြလေရဲ့ဗျာ။
မေ-ဟုတ်တယ်၊ ဟုတ်တယ် အားမာန်လည်း ဟိုနေ့က ဖတ်ဖြစ်လိုက်တဲ့အကြောင်းလေးက တရုတ် ပြည်တောင်ပိုင်းမှာ ရှိတဲ့Zhen Jia Jie တောင်ရဲ့ ၀င်ကြေးလက်မှတ်တစ်စောင်ဟာ ပြင်သစ်နိုင်ငံက ကျော်ကြားတဲ့ Lu Fu Gong (တရုတ်အသံနဲ့ခေါ်ခြင်း)လို့ခေါ်တဲ့ နန်းတော်ရဲ့ ၀င်ကြေးထက်တောင် နှစ်ဆဈေးကြီးနေတယ်တဲ့ရှင်။
ဦး-ဟုတ်တယ်ဗျာ။ အခုဆိုရင် တရုတ်ပြည်ကအဲလိုတွေဖြစ်နေတော့ကာ သာမာန်လူတွေက ဒီလို နေရာတွေကိုဘယ်သွားနိုင်တော့မလဲ၊ ပိုက်ဆံရှိတဲ့လူတွေပဲ သွားနိုင်တာပေါ့။
မေ- အင်းနော်။ အားမာန်ဖတ်ဖူးထားတဲ့ အဲဒိ နေရာတွေရဲ့ လက်မှတ်ခ လေးတွေကို နည်း နည်း ပြောပြမယ်နော်။ တရုတ်ပြည်ရဲ့
ဦး- ဒါတင်ဘယ်ဟုတ်သေးမလဲဗျာ၊ အဆင့်ကတော့အဲဒိအဆင့်ပဲ ဒါပေမဲ့ () ပြောတဲ့ ပိုက်ဆံထက် ပိုတဲ့ နေရာရှိသေးတယ်။ အဲဒိနေရာက ဟူပေပြည်နယ်က ၀ူတန်တောင်၊ စီချွမ်ပြည်နယ်က တိုဇိုက် ကုန်း၊ အန်းဝှေးပြည်နယ်က ၀ှမ်ဆန်းတောင် တွေကို သွားမယ်ဆိုရင်လက်မှတ်ခ ယွမ် ၂၀၀ကျော် တောင်ပေးရမှာပါ။
မေ- အမလေး၊နောင်ဆို တရုတ်ပြည်ရဲ့ဝင်ကြေးလက်မှတ်နှုန်းက ယွမ် ၃၀၀ ပေးရမယ့် ခေတ်ဖြစ်လာ တော့မယ်ထင်ပါရဲ့နော်
ဦး- ဟုတ်တယ်လေ။ ဒါကြောင့် အင်တာနက်ပျော်တစ်ယောက်က ဒီလိုတွက်ပြထားတာပေါ့၊ သာမန် လူတစ်ယောက်ဟာ မနက်စာဆို ၅ယွမ်၊နေ့လယ်စာဆို ၁၂ယွမ်၊ညစာဆို ၁၅ ယွမ်ကုန်တယ်ပေါ့၊ ဒါ ဆိုသာမာန်လူတစ်ယောက်ရဲ့ တစ်နေ့တာစားစရိတ်ဟာ ၃၂ယွမ်ကုန်မယ်၊ အဲဒိ တိုဇိုက်ကုန်းဒေသ ကို သွားမယ်ဆိုရင် လက်မှတ်ခက ယွမ်၂၂၀ဆိုတော့ သာမန်လူတစ်ယောက်ရဲ့ တစ်ပတ်စာဖြစ်နေပြီ လေ၊ သာမန်လူတစ်ယောက်ဟာ ဒီလိုခရီးထွက်ပြီး ဇိမ်ခံဖို့ကိုတော်တော် စဉ်းစားရတော့မယ်လေဗျာ
မေ- ဟုတ်ပါတယ်။ ဒါကြောင့် လူသားအားလုံးအဆင်ပြေနိုင်အောင် လက်မှတ်ခတွေ ဈေးကျပါစေ လို့ ဆုတောင်းရင်း အားမာန်တို့ အစီအစဉ်လေးကို ဒီမျှနဲ့ ရပ်နားခွင့်ပြုပါရှင်။ နားဆင်အားပေးမှု အတွက် ကျေးဇူးဥပကာရတင်ပါတယ်လို့ ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်နော်။
|