|
||||||||
|
|||||||||||||
သောတရှင်များခင်ဗျာ၊ ကျွန်တော်ဘုန်းမြင့်ပါ။ ကျွန်တော်ဟာ ပီကင်းနိုင်ငံခြားဘာသာ တက္ကသိုလ်မှာမြန်မာဘာသာကို (၁၉၉၇)ခုနှစ်ကစပြီး (၄)နှစ်ကြာသင်ယူလေ့လာခဲ့ပါတယ်။ တက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့ရပြီးနောက် (၂၀၀၁)ခုနှစ်က ကျွန်တော်ဟာ စီအာအိုင်အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်က ဘာသာမြန်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။ (၂၀၀၃)ခုနှစ် ကနေ (၂၀၀၄)ခုနှစ်အထိ ကျွန်တော်ဟာ ပညာတော်သင်အဖြစ် မြန်မာပြည်ကို သွားရောက် ခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာဘာသာကို (၁)နှစ်ကြာဆည်းပူး လေ့လာခဲ့ပါတယ်။ အခု ကျွန်တော်ဟာ စီအာအိုင်အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်မှာ ဒုတိယဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်ဟာ သတင်းများကို ဘာသာပြန်ပေးပြီး ကြေညာပေးရုံသာမက တရုတ်ပြည်စီးပွားရေးအခန်းကိုလည်း ဗုဒ္ဓဟူးနေ့ တိုင်းမှာ သောသရှင်များအတွက် တင်ဆက်ပေးလေ့ရှိပါတယ်။ လေလှိုင်းကတစ်ဆင့် ကျွန်တော်တို့စီအာအိုင်အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်ကို ဖမ်းယူနားဆင်နေကြတဲ့ ချစ်သောတရှင်များကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ သောတရှင်များရဲ့အားပေးမှု ဟာ ကျွန်တော်တို့အတွက် အားဆေးဖြစ်ပါတယ်။ တကယ်လို့ မြန်မာပိုင်းအစီအစဉ်အတွက် သောတရှင်များရဲ့အဆိုပြုချက်ကို ဖော်ပြစရာရှိရင် စာနဲ့ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ ချစ်သောတရှင်အားလုံး အစစ အရာရာအဆင်ပြေပါစေ၊ ကိုယ်စိတ်နှသ်ဖြာကျန်းမာချမ်းသာကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
|