• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အအေးမိဝေဒနာ ဒါတွေစားပြီးဒါတွေ ရှောင်ပါ

(GMT+08:00) 2016-01-15 16:42:07

                             

အအေးမိတာဟာနေရာဒေသတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။အထူးသဖြင့်ရာသီဥတုအကူးအပြောင်းနဲ့မြေစိမ်းရေစိမ်းသို့ရောက်စအချိန်မျိုးတွေမှာဖြစ်တတ်ပါတယ်။ အအေးမိတဲ့အခါ အစားအစာ သိပ်မစားချင်တာမျိုး ခံစားမိတတ်ပါတယ်။ အောက်ပါ စားစရာ ငါးမျိုးကို စားရင် အအေးမိရောဂါ ပိုမို မြန်ဆန်စွာ သက်သာလာစေနိုင်ပါတယ်။

 

ဆား၊ဆီနည်းတဲ့ ဟင်းချိုနဲ့ ဆန်ပြုတ်။ ။အအေးမိတဲ့အခါ လူရဲ့ အစာအိမ်နဲ့အူ လည်ပတ်မှု အားနည်းတတ်ပါတယ်။ ဆားနဲ့ဆီ နည်းတဲ့ ဆန်ပြုတ်နဲ့ ဟင်းချိုကိုသောက် သုံးရင် အာဟာရ စုပ်ယူတာ လွယ်ကူစေတဲ့အပြင် ဟင်းချိုနဲ့ ဆန်ပြုတ် ပူပူနွေးနွေးသောက်ရင် ချွေးထွက်နိုင်လို့ ပိုမို မြန်ဆန်စွာ သက်သာလာစေနိုင်ပါတယ်။ ဒါပေမယ့် ချွေးထွက် ပြီးတဲ့အခါရေကိုတော့ အချိန်မီ ပြန်သောက်သင့်ပါတယ်။

 

ကြက်၊ငါး ပေါင်း။ ။အားနည်းတဲ့အခါ ပရိုးတင်းဓာတ်ကို ပို ဖြည့်စွက်သင့်ပါတယ်။ ကြက်သားနဲ့ ငါးထဲမှာ လူ့ခန္ဓာာကိုယ်အတွက် လိုအပ်တဲ့ အေမီနိုအက်စစ် မျိုးစုံ ပါရှိပြီး အသားထဲမှာပါတဲ့ ပရိုတင်းဓာတ်ဟာလည်း အစာကြေလွယ်ပါတယ်။

 

မုန်လာဥ။ ။မုန်လာဥထဲမှာပါတဲ့ ဓာတ်ဟာ အအေးမိရောဂါကို ကြိုတင် ကာကွယ်ရေးနဲ့ သလိပ် များလာတာကို လျော့ပါးလာစေနိုင်ပါတယ်။ မုန်လာဥရေနဲ့ ချင်းရည်ကို ရောပြီး ရေနွေးနဲ့ ဖျော်သောက်ရင် ပိုစွမ်းတယ်လို့ ဆိုပါတယ်။

 

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ။  ကြက်သွန်နီဟာ အနံ့ပြင်းပေမဲ့ အအေးဒဏ်နဲ့ အအေးမိ တာတွေကို ခုခံနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကိုလည်း အသင့်အတင့်ခုခံနိုင်ပါတယ်။ ကြက်သွန်ီ စားရင် အစာအိမ်နဲ့ အူထဲ အစာချေရည် တိုးလာစေနိုင်ပါတယ်။ ကြက်သွန်ဖြူ ထဲမှာ propylene sulfide ပါပြီး ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်စွမ်း ရှိပါတယ်။

 

ပျားရည်။။ ပျားရည်ထဲမှာ ဇီဝဓာတ် မျိုးစုံ ပါပြီးလူခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို တိုးလာ စေနိုင်ပါတယ်။ဒါကြောင့်မို့ နေ့စဉ် နံနက်နဲ့ညတိုင်း  ပျားရည်သောက်သင့်တယ်လို့ တိုက်တွန်းအပ်ပါတယ်။

 

တချို့စားစရာတွေကို အအေးမိနေတဲ့အချိန်မှာ စားရင် ရောဂါ ပိုပြင်းထန်လာစေနိုင်လို့ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

အချိုကဲသောမုန့်။ ။ အဆီဓာတ်များတဲ့ သစ်သီးတွေရော အချိုမုန့်ရောကိုပါ အအေးမိချိန်မှာ ရှောင်သင့်ပါတယ်။ အချိုဓာတ်ဟာ တံထွေးကို တိုးလာ စေလာနိုင်တဲ့အပြင် ဗိုက်လည်း ပြည့်တင်း လာစေနိုင်ပါတယ်။ အချိုဓာတ် များတဲ့ သစ်သီးတွေကတော့ သရက်သီး၊ စပျစ်သီး၊ လိုင်ချီးသီး၊ ကြံ၊ နာနတ်သီး၊ ဆီးသီး စတာတွေ ဖြစ်ပါတယ်။

ဆား များတဲ့ စားစရာ။  ဆား နည်းအောင် စားရင် ဖောက်ဓာတ် (အင်ဇိုင်း) တိုးများလာစေနိုင်ပြီး ခံတွင်းနဲ့ လည်ချောင်းနေရာမှာ ချွဲဆဲလ်တွေကို ထိန်းသိမ်းနိုင်ပါတယ်။ ဒါပေမယ့် အအေးမိတဲ့အခါ ဆား မစားဘဲ နေရင်လည်း မရပါဘူး။ ချွေး ထွက်တဲ့အခါ ကိုယ်ခန္ဓာထဲမှ ဆိုဒီယမ်ဓာတ် အချို့ ဆုံးရှုံးတတ်လို့ ဆားနဲ့ ဆိုဒီယမ်ဓာတ်ကိုပြန် ဖြည့်စွက်ဖို့ လိုအပ်ပါတယ်။ အအေးမိချိန်မှာ နေ့စဉ် ဆား ၅ ဂရမ်ထက် မများအောင် စားသင့်ပါတယ်။

စပ်လွန်းတဲ့ စားစရာ။ ။ ငရုတ်သီး အပါအဝင် စပ်လွန်းအားကြီး တဲ့ စားစရာတွေ စားရင် အစာအိမ်နဲ့အူ လည်ပတ်မှုအခြေအနေကို ပိုမို ရှုပ်ထွေးလာစေနိုင်ပြီး ပြင်းထန်လာရင် တော့ အော့အန်တတ်ပါတယ်။

အရမ်းခါးတဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီ။ အရမ်းခါးတဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီ သောက်ရင် တစ်ခါတလေ အစာအိမ်နဲ့ အစာပြွန်ထဲက စားစရာတွေ ပြန် စီးဝင်စေတတ်ပါတယ်။

အစာမစားတဲ့နည်းနဲ့အအေးမိရောဂါကို ကုသနိုင်တယ် ဆိုတာကိုတော့ မယုံပါနဲ့။ အစားအစာ မစားရင် သွေးအဆီဓာတ်နဲ့ ခုခံစွမ်းအားကို ကျဆင်းစေတဲ့အတွက် ရောဂါ သက်သာစေရေးအတွက် အကျိုးရှိနိုင်မှာ မဟုတ်ဘူး။

   Webradio