|
||||||||
|
|||||||||||||
အိုက်စကရင်။ ။ အိုက်စကရင်ဟာ မုန့်ပဲသရေစာတွေထဲမှာ စွဲလမ်းစွာ အစားတတ်ကြဆုံးသော စားစရာ ဖြစ်တယ်။ အိုက်စကရင်းဟာ စိတ်ကြွစေတတ်တဲ့ စားစရာမျိုး ဖြစ်ပြီး စားတာ များသွားရင် တစ်ခြားစားစရာတွေကို စားချင်စိတ် လျော့နည်းလာစေတတ်တယ်။
သကြားလုံး။ ။ ကလေးငယ်တို့ရဲ့ သဘာဝက ချိုတဲ့ အရသာကို ပိုပြီး ကြိုက်၊ ပိုပြီး စွဲစွဲလမ်းလမ်း စားတတ်ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ သကြားလုံး များများ စားရင် ကျန်းမာရေးကို ထိခိုက်တတ်တယ်။
အာလူးချောင်းကြော်။ ။ အာလူးချောင်းကြော်ဟာ အစားအစာ အချောကိုင် ထုတ်လုပ်သူတွေရဲ့ အိပ်မက်ကောင်း ဖြစ်ပြီး ဝိတ်လျှော့သူတွေရဲ့ အိပ်မက်ဆိုး ဖြစ်ပါတယ်။ လူတွေ စွဲစွဲလမ်းလမ်း စားတတ်တဲ့ အစားအစာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ ဖြစ်စေတတ်တဲ့ ဓါတ် တစ်မျိုးလည်း ပါရှိနိုင်တယ်။
အရသာချိုချိုမုန့်။ ။ အရသာ ချိုတဲ့ မုန့်တွေကို မြင်လိုက်တာနဲ့ လူရဲ့ စိတ်အစဉ်မှာ ပျော်ရွှင်မှု ဟိုမုန်း တစ်မျိုး ထွက်တတ်ပါတယ်။ ဒါဟာ လူတွေအတွက် အရသာချိုချိုကို နှစ်သက် စွဲလမ်းမိစေတတ်တဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ချိုတဲ့ မုန့်လေးတွေဟာ ကြည့်လို့လတယ်၊ အရသာ ကောင်းတယ်၊ အနံ့လည်း မွှေးကြိုင်တယ် ဆိုတော့ တကယ် စွဲသွားရင် ဖြတ်ဖို့ အရမ်း ခက်ပါတယ်။
|