|
||||||||
|
|||||||||||||
ငယ်ငယ်တုန်းက မိဘနှစ်ပါး ကွာရှင်းမှုနဲ့ ကြုံခဲ့ရတဲ့ အမျိုးသားရဲ့ လေဖြတ်မှု ဖြစ်ပွါးနှုန်းဟာ တစ်ခြားအမျိုးသားတွေထက် နှစ်ဆ ပိုများတယ်လို့ နိုင်ငံတကာလေဖြတ်ရောဂါမဂ္ဂဇင်းမှာ ရေးသား ဖေါ်ပြထားပါတယ်။ မိဘနှစ်ပါး ကွာရှင်းမှုနဲ့ ကြုံခဲ့ရတဲ့ အမျိုးသားရဲ့ လေဖြတ်မှု ဖြစ်ပွါးနှုန်းဟာ တစ်ခြား အမျိုးသားတွေထက် ထင်ရှားသိသာစွာ ပိုမြင့်နေတဲ့ အကြောင်းရင်းကို သုတေသနပြုလုပ်သူက သေချာ မသိရသေးပေမယ့် ဟိုမုန်း တစ်မျိုးနဲ့ ဆက်စပ်တယ်လို့ သူတို့က မှန်းဆထားပါတယ်။ သုတေသနရလဒ်အရ၊ မိဘနှစ်ပါး ကွာရှင်းမှုဟာ အမျိုးသမီးတွေအပေါ်တော့ ထိခိုက်မှု၊ ဂယက်ရိုက်ခတ်မှု မရှိဘူးလို့ သိရပါတယ်။
|