|
||||||||
|
|||||||||||||
လိမ္မော်သီး
နွားနို့ မသောက်ခင် ၁-နာရီနဲ့ သောက်ပြီး ၁-နာရီ ၀န်းကျင်မှာ လိမ္မော်သီးကို မစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နွားနို့ထဲက ပရိုတင်းဓါတ်နဲ့ လိမ္မော်သီးထဲက တာတာရစ်အက်ဆစ်တို့ ဓါတ်ပြုပြီးရင် အနယ်ထိုင်မှု ဖြစ်တတ်လို့ပါ။
ချောကလက်
နွားနို့ထဲမှာ ပရိုတင်းဓါတ်နဲ့ ကယ်လီဆီယံဓါတ် အများကြီး ပါပါတယ်၊ ချောကလက်ထဲက အော့ဇာလစ်အက်ဆစ် ရှိတယ်။ အဲဒီစားစရာနှစ်မျိုးကို အတူတူစားရင် ကယ်လီဆီယံဓါတ် စုပ်ယူမှုကို ထိခိုက်နိုင်မယ်။ ပြီးတော့ ဆံပင် ခြောက်သွေ့မှု၊ ၀မ်းလျှောမှု စတာတွေလည်း ဖြစ်စေနိုင်မယ်။
ဆေး
နွားနို့ဟာ ဆေးလုံးဆေးပြား အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့အလွှာ တစ်ခု ဖြစ်တတ်တယ်။ ပြီးတော့ နွားနို့ထဲမှာ ပါဝင်တဲ့ ကယ်လီဆီယံဓါတ်၊ မဂ္ဂနီဆီယံဓါတ်တွေက ဆေးထဲမှာ ပါဝင်တဲ့ ဓါတ်အမျိုးမျိုးနဲ့ ဓါတ်ပြုမှု ဖြစ်ပွါးတတ်ပါတယ်။
|