• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကုမ္ပဏီလက်ခံဖောက်လုပ်သည့် သီရိလင်္ကာကားလမ်းအစီအစဉ်ဖောက်လုပ်ပြီးစီး

(GMT+08:00) 2019-03-19 16:22:56

ယခုလ၁၇ရက်နေ့က တရုတ်ကုမ္ပဏီလက်ခံဖောက်လုပ်သည့် သီရိလင်္ကာကားလမ်း နှစလမ်းအဆင့်တိုးမြှင့်ဖောက်လုပ်ရေးအစီအစဉ်ပြီးမြောက်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ ပြန်လည်ဖောက်လုပ်ပြီးစီးသည့် ကားလမ်းနှစ်လမ်းကို ထိုနေ့တွင် စတင်အသုံးချခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသညိ။

ယင်းအခမ်းအနားကျင်းပရာတွင် သီရိလင်္ကာဝန်ကြီးချုပ် Wickremesingheက သီရိလင်္ကာကားလမ်းပြန်လည်ဖောက်လုပ်ရေးအစီအစဉ်အတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း၊ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ပိုမိုကောင်းမွန်စေရန် သီရိလင်္ကာအစိုးရသည် ဒေသခံ လမ်းကြောင်းကွန်ယက်စနစ်တိုးမြှင့်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio