• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

5G လှိုင်းနှုန်းနှင့်မီဒီယာမျိုးစုံဖြင့်သတင်းပေးပို့ရေးသည် ပရိသတ်များ NPCနှင့် CPPCC ဆိုင်ရာသတင်းများကို အချိန်မီ သိရှိစေကြောင်း မြန်မာ၊လာအို သတင်းထောက်ဆို

(GMT+08:00) 2019-03-08 09:54:19

၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မ တီ ဒုတိယအကြိမ်အစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို ၃ ရက်နေ့နှင့် ၅ ရက်နေ့တွင် ပေကျင်း၌ အသီးသီးဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသတင်းထောက်များက 5G လှိုင်းနှုန်းနှင့်မီဒီယာမျိုးစုံဖြင့်သတင်းပေးပို့ရေးသည် မိမိနိုင်ငံကပရိသတ်များ တရုတ် နိုင်ငံ၏ NPCနှင့် CPPCC ဆိုင်ရာသတင်းများကို အချိန်မီ သိရှိစေကြောင်း ပြောကြားသည်။

ယခုအကြိမ်အစည်းအဝေးတွင် သတင်းရယူရမှု၊ သတင်းပေးပို့ရမှုများအပေါ် အဆင်ပြေ ချောမွေ့ကြောင်း၊ 5G လှိုင်းနှုန်းလွှင့်ထားပြီး ၀န်ဆောင်မှုပေးသည့်အပေါ် မိခင်ဌာနသို့ သတင်းပြန်လည် ပေးပို့ရမှု အဆင်ပြေလွယ်ကူသည့်အတွက် ကျေနပ်အားရပါကြောင်း၊ အဆင်ပြေချောမွေ့ပါကြောင်း မြ၀တီမီဒီယာတိုက်မှ ဗိုလ်မှူးဇော်လင်းသိန်းက CRI ရဲ့မေးမြန်းမှုကို ဖြေကြားသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် လာအိုနိုင်ငံ အာဏာရပါတီဖြစ်သည့် ပြည်သူ့တော်လှန်ရေးပါတီသတင်းစာ ပါဆာရွှန် သတင်းစာမှ အယ်ဒီတာချုပ် ဒွယ်ချစ်နှင့် လာအိုနိုင်ငံတော်အသံလွှင့်ဌာနမှ ဌာနမှူးဖိုစီတို့သည် တရုတ်ဗဟိုမီဒီယာအုပ်စု လာအိုဘာသာ APP ကနေတဆင့် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နားထောင် ကြည့်ရှု ခဲ့သည်ဟု ပြောကြားကြောင်း စီအာအိုင်သတင်းအရသိရသည်။

   Webradio