• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ချင်းဟိုင်ပြည်နယ်သည် ဆင်းရဲမှု ပပျောက်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဇောက်ချပြုလုပ်

(GMT+08:00) 2019-02-28 15:01:26

၂၀၁၆ခုနှစ် တရုတ် ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပစဉ် အတွင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ချင်းဟိုင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမှု ပပျောက်စေရေးနှင့် တိုင်းရင်းသားလူမျိုးစု ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဇောက်ချပြုလုပ်ရမည် ဖြစ်ကြောင်း ညွှန်ကြားပြောဆို ခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ညွှန်ကြားချက်ကို လက်တွေ့ဖော်ဆောင်ရန် အတွက် လွန်ခဲ့သည့် ၃နှစ်က ချင်းဟိုင်ပြည်နယ်မှ ကေဒါခေါင်းဆောင်နှင့် ပြည်သူများသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွင် ဆောင်ရွက်ချက်သစ်များကို ပြုလုပ်ပြီး ဆင်းရဲမှု ပပျောက်စေရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံနိုင်ရန် ကြိုးပမ်းဆောင်ရွက် ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုနှစ်တွင် ချင်းဟိုင်ပြည်နယ်သည် ကျန်ရှိသော ဆင်းရဲသည့် ၁၇ခရိုင်များ၏ ဆင်းရဲမှုကို ပပျောက်စေရန် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ သဘာဝ ပတ်ဝန်းကျင် အောက်ခြေ အခြေခံစည်းမျဉ်းကို သတ်မှတ်ကျင့်သုံးပြီး အမျိုးသား ဥယျာဉ်ကို ပင်မ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း အစီအစဉ် အဖြစ် ထားကာ သဘာဝ ထိန်းသိမ်း ကာကွယ်ရေးဇုန်ကို အခြေခံ၍ သဘာဝ ဥယျာဉ်အမျိုးမျိုး ပါဝင်သော သဘာဝ ထိန်းသိမ်း ကာကွယ်ရေးဒေသ စီမံခန့်ခွဲရေး စနစ်ကို တည်ဆောက်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

   Webradio