• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နီပေါရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကျင်းပတော့မည်

(GMT+08:00) 2019-02-21 14:24:12

    ရင်းနှီးမြှုပ်နှံသူများအတွက် သက်ဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့တင်သွင်းပေးရန် နီပေါအစိုးရသည် မတ်လ ၂၉ ရက်နေ့မှ ၃၀ရက်နေ့အထိ ခတ္တမန္ဒူမြို့တော်နီပေါ ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း စီအာအိုင်သတင်း အရ သိရပါသည်။

    တရုတ်နှင့်နီပေါနှစ်နိုင်ငံတို့အကြား ချစ်ကြည်ရေးအစဉ်အလာသည် ရှည်ဝေးသောရှေးဝေဏီခေတ်မှ ရှည်ကြာစွာရှိခဲ့ကြောင်း၊ "Belt & Road"အဆိုပြုချက်၏ တွန်းအားပေးမကြောင့် နှစ်နိုင်ငံဆက်ဆံမှုမှာ သမိုင်းဝင်တိုးတက်မှု ရရှိကြောင်း၊ နှစ်ဖက် စီးပွားကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာပေးရေးနယ်ပယ်များတွင် နွေးထွေးစွာ ကူးလူးဆက်ဆံပြီး နီပေါ နိုင်ငံသည် တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံများအနက် ဆွဲဆောင်မှု များစွာရှိသော ရင်းနှီးမြှုပ်နှံရေးနိုင်ငံဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio