• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကျန်းစူးပြည်နယ်သည် လုပ်ငန်း ဖွဲ့စည်းပုံ ထိန်းညှိခြင်းကို ဆောင်ရွက်

(GMT+08:00) 2019-02-14 14:48:34

၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးတွင် ကျန်းစူးပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ၌ လုပ်ငန်း ဖွဲ့စည်းပုံ ထိန်းညှိမှုကို ဇောက်ချပြုလုပ်ပြီး ခေတ်မီ လုပ်ငန်း ဖွံ့ဖြိုးရေး စနစ်သစ်ကို တည်ဆောက်ကာ တရုတ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတရားနည်းလမ်းကျစေ၍ အကျိုးစွမ်းဆောင်မှုနှင့် တွန်းအားပေးမှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ မြို့ပြဖြစ်ထွန်းမှုကို တက်ကြွစွာနှင့် တည်ငြိမ်သင့်လျော်စွာဖြင့် တွန်းအားပေး ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ညွန်ကြားချက်ဖြင့် လွန်ခဲ့သည့် နှစ်များတွင် ကျန်းစူးပြည်နယ်သည် လုပ်ငန်းဖွဲ့စည်းပုံ ထိန်းညှိမှု၊ လုပ်ငန်းများ စီစဉ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းအား တရားနည်းလမ်းကျစေရေး၊ မြို့ပြဖြစ်ထွန်းမှုကို တွန်းအားပေးခြင်း စသည့် နယ်ပယ်များ၌ အင်တိုက်အားတိုက် ဆောင်ရွက်ပြီး စီးပွားရေးနှင့် လူမှုရေး ပိုမိုတရားနည်းလမ်းကျစွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေကြောင်း စီအာအိုင်က ဖော်ပြသည်။

၂၀၁၈ခုနှစ်တွင် ကျန်းစူးပြည်နယ်၏ ကုန်ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၉၂၆၀ရှိပြီး ၂၀၁၇ခုနှစ်ကထက် ၆့၇ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၁၃ခုနှစ် မှစ၍ ကျန်းစူးပြည်နယ်ရှိ မဟာဗျူဟာမြောက် တက်သစ်စ လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု ပမာဏသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ၁၀ရာခိုင်နှုန်းကျော် တိုးလာကြောင်း၊ ယင်းထဲတွင် အဆင့်မြင့် နည်းပညာသစ် လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှု ပမာဏ၏ အချိုးအစားသည် ၂၀၁၃ခုနှစ်က ၃၇ရာခိုင်နှုန်း ရှိရာမှ ၂၀၁၈ခုနှစ်က ၄၃့၈ရာခိုင်နှုန်း အထိ တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

   Webradio