• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ပြုပြင်ပြောင်းလဲရေး စီမံကိန်းသစ် ထုတ်ပြန်

(GMT+08:00) 2019-02-12 13:56:00

နှစ်စဉ် ကျင်းပလေ့ရှိသည့် တရုတ် ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများတွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ကိုယ်စားလှယ် အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ ၅နှစ် ဆက်တိုက် ပါဝင်ခဲ့ရာ ပြုပြင် ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှု၊ စီမံခန့်ခွဲမှု၊ တွေးခေါ်နည်း၊ ဖွံ့ဖြိုးရေး ဦးတည်ချက်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များနှင့် အတူ ဆွေးနွေးကြကြောင်း၊ တရုတ် ရိုးရာ နှစ်သစ်ကူး ရုံးပတ်ရက် အပြီး ပထမရုံးတက်ရက်က ရှန်ဟိုင်းမြို့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ တစ်ဆင့်တိုး ကောင်းမွန်စေရေး လုပ်ငန်း အစည်း အဝေးကို ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ပြုပြင်ပြောင်းလဲရေး စီမံကိန်းသစ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းစီမံကိန်းတွင် ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ချက် ၂၅ချက် ပါဝင်ပြီး ယင်းဆောင်ရွက်ချက်များဖြင့် တိုးတက် အောင်မြင်မှုများ ရရှိရန် ရည်ရွယ်ထားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

 

   Webradio