• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟိုင်နန်သည် ဖိလစ်ပိုင်နှင့် ခရီးသွား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး

(GMT+08:00) 2018-08-28 10:53:06

ယခုလ ၂၇ရက်နေ့ ညနေပိုင်းက တရုတ်ပြည် ဟိုင်နန်ပြည်နယ် ခရီးသွား ဖွံ့ဖြိုးရေး ကော်မရှင်သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ခရီးသွား မိတ်ဆက်ဖြန့်ချိပွဲကို ကျင်းပရာ ဟိုင်နန်၏ ခရီးသွား အရင်းအမြစ်နှင့် ဦးစားပေး မူဝါဒများကို မိတ်ဆက်ပေး ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ယခုနှစ် မေလ ၂၉ရက်နေ့က ဟိုင်နန်မှ ဖိလစ်ပိုင်နိုင်ငံသို့ ပျံသန်းသော ပထမဆုံး တိုက်ရိုက်လေကြောင်းလိုင်း ဖြစ်သည့် ဟိုင်နန်-မနီလာ လေကြောင်းလိုင်း ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင် ဖိလစ်ပိုင် ခရီးသည်များကို ပိုမိုဆွဲဆောင်ရန် အတွက် ဟိုင်နန်ပြည်နယ်မှ နောက်တစ်ခု ဆောင်ရွက်ချက် ဖြစ်ကြောင်း သိရသည်။

 

   Webradio