|
||||||||
|
|||||||||||||
တရုတ်-ဖိလစ်ပိုင် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၃နှစ်ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ အတွက် ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ကျောက်ကျန့်ဟွာက မကြာခင်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ၏လူမှုကွန်ရက်တွင် "တရုတ်-ဖိလစ်ပိုင် သံယောဇဉ် ကောင်းမွန်ပြီး အခန်းကဏ္ဍသစ် လက်တွဲ ဖွင့်လှစ်ပေး" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသား ဖော်ပြခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
၎င်းဆောင်းပါတွင် ၂၀၁၆ခုနှစ်က ဒူတာတေး သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း၌ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် ပြန်လည်ပုံမှန်လာခြင်းကို အကောင် အထည်ဖော်ပြီး ၂၀၁၇ခုနှစ်က နှစ်နိုင်ငံ ဆက်ဆံမှု ဘက်စုံကောင်းမွန်တိုးတက်လာခြင်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်တွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် ဆက်လက် အရှိန်အဟုန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ဖွံ့ဖြိုးမှု အဆင့်လည်း တိုးမြင့်မည်ဟု ယုံကြည်ကြောင်း ရေးသားဖော်ပြသည်။
ထို့အပြင်၊ ၄င်းဆောင်းပါးတွင် နိုင်ငံရေး လုံခြုံမှု၊ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး မဏ္ဍိုင် ၃ခုသည် ခိုင်မာသည့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် အတွက် ကျားကန်ပေးနေကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင် အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာကို အဆက်မပြတ် ဖော်ထုတ်ကာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက် နေကြောင်းလည်း ရေးသားဖော်ပြသည်။
|