|
||||||||
|
|||||||||||||
သောတရှင်တွေကိုအခုတပါတ်မှာတော့တရုတ်ပြည်မှာရှိတဲ့နေရာဒေသအမျိုးမျိုးမှမှန်တံတားတွေထဲကပီကင်းမြို့ရဲ့အရှေ့မြောက်ဘက်မှာတည်ရှိတဲ့ Ping Gu မြို့နယ်ထဲက Shi Lin Xia ရှုခင်းသာနေရာမှ(UFO)မှန်တံတားအ
ကြောင်းကိုတင်ပြပေးချင်ပါတယ်။ မှန်တံတားတည်ရှိရာနေရာဟာဆိုရင်၊ပီ
ကင်းကနေကီလိုမီတာ(၇၀)လောက်ကွာဝေးပါတယ်။ပီကင်းကနေမှန်တံတားကိုသွားမယ်ဆိုရင်မနက်အစောကြီး ထသွားတာပိုပြီးအဆင်ပြေပါတယ်။ ဒါမှ
သာ၊မှန်တံတားကိုရောက်တဲ့အခါ အေးအေးဆေးဆေးလည်ပတ်နိုင်မှာပါ။ရုံး
ပိတ်ရက်တွေမှာ သွားမယ်ဆိုရင်တရုတ်ပြည်သူလူထုတွေဟာအင်မတန်ခရီး
သွားတဲ့သူတွေဖြစ်တာကြောင့်လမ်းမှာကားပိတ်တာတွေ၊မှန်တံတားတည်ရှိရာတောင်ခြေထိကားတွေဝင်လို့မရတော့တဲ့အတွက် လမ်းဆင်းလျှောက်ရတာ
တွေ၊တောင်ခြေကိုရောက်တဲ့အခါမှာ မှန်တံတားတည်ရှိရာတောင်ပေါ်ကိုခြေ
လျှင်မတက်ချင်လို့ကေဘယ်လ်ကားနဲ့တက်မယ်ဆိုရင်လဲကေဘယ်လ်ကားစီးဖို့တန်းစီရတာတွေ စတာတွေအတွက် အချိန်ပေးရအုန်းမှာဖြစ်ပါတယ်။ဒါ
ကြောင့်ခပ်စောစောသွားတာပိုပြီးအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။မှန်တံတားတည်ရှိရာတောင်ခြေမှာတော့၊ ကစားကွင်းတွေ၊ ရေတံခွန်တွေ ၊ဈေးဆိုင်
တန်းတွေနဲ့ပွဲတော်ကြီးလိုစည်ကားသိုက်မြိုက်လှပါတယ်။အချိန်ရတယ်ဆိုရင်တော့တောင်ပေါ်ကိုခြေလျှင်တက်တာပိုကောင်းပါတယ်။လမ်းတစ်လျှောက်မှာရှိတဲ့ သဘာဝရှုခင်း အလှအပတွေ၊ ရေတံခွန်တွေ၊ တောင်ပတ်လမ်းတစ်
လျှောက်ရှိရှုမျှော်ခင်းအလှတွေကိုကြည့်ရှုခံစားရင်း၊ဓါတ်ပုံတွေရိုက်ရင်း၊မောတဲ့အခါနားလိုက်၊အမောပြေရင်ဆက်တက်လိုက်နဲ့တောတောင်ရေမြေသဘာဝအလှအပတွေကိုတဝကြီးခံစားရနိုင်ပါတယ်။တောင်တက်လမ်းတစ်လျှောက်မှာလဲတောတောင်ရေမြေအရိပ်တွေနဲ့ အေးချမ်းလှတာကြောင့် နား၊ နားပြီး
တက်သွားမယ်ဆိုရင်သိပ်မပင်ပမ်းလှပါဘူး။မတ်စောက်တဲ့တောင်ကြောနေရာ
တွေမှာဆိုရင်တော့သစ်သားလှေကားထစ်တွေ၊သံထည်လှေကားထစ်တွေပြုလုပ်ပေးထားပါတယ်။တောင်ပတ်လမ်းတွေတက်ရတာထက်စာရင်တော့လှေကားထစ်တွေတက်ရတာ အနည်းငယ် အားစိုက်တက်ရပါတယ်။ မှန်တံတား
တည်ရှိရာအမြင့်ဆုံးတောင်ကိုလှမ်းမျှော်ကြည့်ရင်းတက်ရတာဟာတောင်ထိပ်ရောက်လို့မှန်တံတားပေါ်ရောက်ရင် ဘာတွေမြင်ရမလဲ ၊မှန်တံတားပေါ်ရောက်
ရင်ဘယ်လိုတွေစိတ်လှုပ်ရှားစရာကောင်းမလဲဆိုတဲ့အတွေးတွေနဲ့ကြိုတင်ရင်
ခုန်မှုတွေနဲ့အတူ ကြည်နူးပျော်ရွှင်မှုကိုခံစားရပါတယ်။ မှန်တံတားတည်ရှိရာ
တောင်ပေါ်ရောက်ပီဆိုရင်တော့မှန်တံတားပေါ်တက်ဖို့ဝင်ခွင့်လက်မှတ်ကိုထပ်ဝယ်ရပါတယ်။ တောင်ခြေကဝင်ခွင့်လက်မှတ်နဲ့မှန်တံတားပေါ်တက်လို့မရပါ
ဘူး။ မှန်တံတားပေါ်ဝင်ခွင့်လက်မှတ်နဲ့မှန်တံတားပေါ်တက်ဖို့တန်းစီ စောင့်
ဆိုင်းရပါတယ်။ မိမိအလှည့်ရောက်လို့ မှန်တံတားပေါ်တက်တော့မယ်ဆိုရင်
သတ်မှတ်ထားတဲ့ဖိနပ်ကိုစီးပြီးမှန်တံတားပေါ်တက်လို့ရပါပြီ။မှန်တံတားပေါ်
ရောက်တဲ့အခါအမြင့်ဆုံးတောင်ပေါ်ကမြင်ရတဲ့ပတ်ပတ်လည်ကပတ်ဝန်းကျင်အလှတွေ၊မှန်တံတားအောက်ခြေကမြင်ကွင်းအလှတွေဟာအင်မတန်ရင်ခုန်
ကြည်နူးစရာကောင်းလှပါတယ်။ကျွန်မတို့ရောက်ရှိခဲ့ရာUFO Glass Bottom Platform ဟာဆိုရင်ကမ္ဘာပေါ်မှာအကျယ်အဝန်းအကြီးဆုံးသောရှုခင်းကြည့်
မှန်ပလက်ဖေါင်းဖြစ်တယ်လို့သိရပါတယ်။အရှည်အားဖြင့်(၃၂.၈)မီတာရှိပြီးစတုရန်းမီတာအားဖြင့်(၄၃၄)မီတာရှိပါတယ်။မှန်ပေါင်း(၃၆)ခုနဲ့ပြုလုပ်ထားပြီး
မှန်ချပ်များရဲအထူကတော့(၇)စင်တီမီတာထူတယ်လို့လဲသိရပါတယ်။ဒီမှန်တံတားကို၂၀၁၆ခုနှစ်ဧပြီလ(၁၄)ရက်နေ့မှာတည်ဆောက်ပီးစီးတာဖြစ်ပါတယ်။
မှန်တံတားအောက်ခြေကမှန်တွေကိုဖေါက်ပြီးမြင်ရတဲ့အောက်ကရှုခင်းအလှ
တွေနဲ့ချယ်ရီပန်းအလှတွေဟာလှလဲလှ၊ကိုယ်ကအမြင့်ဆုံးတောင်ရဲ့မှန်တံ
တားပေါ်ရောက်နေတယ်ဆိုတဲ့အသိကြောင့်စိတ်လှုပ်ရှားစရာ၊ကြည်နူးစရာ၊
ကြောက်စရာလဲကောင်းသလိုဓါတ်ပုံရိုက်သူရိုက်၊ဗွီဒီယိုရိုက်သူရိုက်နဲ့ပျော်စရာလဲကောင်းလှပါတယ်။စာရေးသူတို့အဖွဲ့ကတော့မှန်တံတားကြီးပေါ်ကနေရှု
မျှော်ခင်းအလှတွေကိုတဝကြီးခံစား၊ဓါတ်ပုံတွေရိုက်ကြရင်းမှန်တံတားကြီးကိုတပါတ်၊ပါတ်ပြီးမှန်တံတားကြီးပေါ်ကပြန်ဆင်းခဲ့ကြပါတယ်။မှန်တံတားကြီး
တည်ရှိရာတောင်ပေါ်ကနေတောင်ခြေကိုတော့အချိန်အားဖြင့်လဲညနေစောင်းနေပြီဖြစ်တဲ့အတွက်မိမိတို့နေထိုင်ရာပီကင်းကိုပြန်ဖို့လဲရှိနေသေးတာကြောင့်
ကေဘယ်လ်ကားစီးပြီးပြန်ဆင်းခဲ့ကြပါတယ်။မိတ်ဆွေတို့အနေနဲ့အကြောင်းတိုက်ဆိုင်လို့ပီကင်းကိုရောက်ဖြစ်မယ်ဆိုရင် UFO Glass Bottom Platform ကိုရောက်အောင်သွားကြပါလို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ရပါ
တယ်။
|