|
||||||||
|
|||||||||||||
ရှီးအန်းသမိုင်းကြောင်းပြတိုက် တွင် တရုတ်လူမျိုးတို့၏ ရှေးဟောင်း လက်ရာများ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများကို စုံလင်စွာပြသထားပါသည်.စွမ်းကျုံးရှမ်းခေတ်(1912-1949) ခေတ်.ချင်မင်းဆက်ခေတ်.ဟန့်မင်းဆက်ခေတ်.ထန်မင်းဆက်ခေတ် အသုံးအဆောင်များ.လက်ဝတ်ရတနာများ ကြွေထည် ငွေထည် ရွှေထည်ပစ္စည်းများကို ရှေးမူလက်ရာများအတိုင်း ပြသထားပါသည်..ရှေးဟောင်းသုတေသနလေ့လာသူများ.စာတမ်းရေးသားသူများသည် ဤပြတိုက်သို့ လာရောက်လေ့လာပါက ရှေးခေတ်သမိုင်းကြောင်းကို ပိုမိုစုံလင်ပြည့်ဝစွာရေးသားနိုင်သည်ဟု သိရှိရပါသည်.ထန်မင်းဆက်ခေတ်တွင် လွန်စွာကြွယ်ဝချမ်းသာသောကြောင့် အသုံးအဆောင်ပစ္စည်းများအား ရွှေထည် ငွေထည်များဖြင့် သုံးစွဲခဲ့သည်ဟု သိရပါသည်..ထို့ကြောင့် ထန်မင်းဆက်ခေတ် အသုံးအဆောင် ရွှေထည် ငွေထည်များကိုလည်း ဤပြတိုက်တွင် လေ့လာတွေ့ရှိရပါသည်..ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်လက်ရာများကို ယခုကဲ့သို့ အမြတ်တနိုးတန်ဖိုးထားသိမ်းဆည်းပြီး ပြတိုက်တွင်ပြသထားခြင်းဖြင့် မိမိတို့၏နောင်လာနောက်သားများ မိမိတို့သမိုင်းကို အလွယ်တကူလေ့လာနိုင်သလို မိမိတို့ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်..ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာခြင်းအားဖြင့် ခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပြီး တိုင်းပြည်ဝင်ငွေကို တထက်တလမ်းမှ တိုးစေနိုင်ပါသည်..
|