• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော်အာရှဖိုရမ်မှာ အာဆီယံအသိုက်အဝန်းဖိုရမ်ခွဲ ကျင်းပ

(GMT+08:00) 2015-03-26 16:10:34

ပိုအော်အာရှဖိုရမ်၂၀၁၅-ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ဒီလ၂၆-ရက်နေ့ကနေ ၂၉-ရက်နေ့အထိ တရုတ်ပြည်ဟိုင်နန်ပြည်နယ်ပိုအော်မြို့မှာ ကျင်းပနေပါတယ်။ တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဟာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီနှစ်ပိုအော်အာရှဖိုရမ်ရဲ့ ဆောင်ပုဒ်ကတော့ အာရှတိုက်ကံကြမ္မာ အသိုက်အဝန်းဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို-ဝီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် နဲ့ ထိုင်းဒုတိယ ဝန်ကြီးချုပ် တာနာဆတ် အပါအဝင် နိုင်ငံတော်အကြီးအကဲ၁၆-ဦးဟာ ပိုအော်အာရှ ဖိုရမ်၂၀၁၅-ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ကြပါမယ်။ ဝန်ကြီးအဆင့် အရာရှိ ၈၀-ကျော်ဟာလည်း အစည်းအဝေးကို တက်ရောက်ကြပါမယ်။

ပိုအော်အာရှဖိုရမ် သုတေသနဌာန အမှုဆောင်ဒုဥက္ကဋ္ဌ ယန်ရှီယွီ က၊ ပိုအော် အာရှဖိုရမ်၂၀၁၅-ခုနှစ်နှစ်ပတ်လည်အစည်းအဝေးမှာ အာဆီယံအသိုက်အဝန်း-တပြေးညီ ဖြစ်စေရေးရဲ့အစပျိုးခန်းသစ်ဖိုရမ်ခွဲကို ကျင်းပမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး ဝမ်ယိဟာ အာဆီယံအသိုက်အဝန်းနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ် ကြောင်း၊ မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ စတဲ့အကြီးအကဲများဟာ အာဆီယံ အသိုက်အဝန်းဆိုင်ရာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ က၊ မကြာခင်နှစ်တွေမှာ အာရှစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုန်ဟာ ယေဘုယျအားဖြင့် ကောင်းမွန်ကြောင်း၊ ကမ္ဘာ့စီးပွားရေး အတွက် မောင်းနှင်အား တဖြည်းဖြည်းဖြစ်လာခဲ့ကြောင်း၊ ဒါကြောင့် အာရှတိုက်အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များမှာ အခုထက်ပိုမိုပါဝင်ဖို့လိုကြောင်း၊ ပိုအော်အာရှဖိုရမ်ဟာ အဲဒီလိုမျိုးကျယ်ပြန့်တဲ့ပလက်ဖောင်းကို ထောက်ပံ့ပေးကြောင်း၊ အာရှနိုင်ငံတွေဟာ ရေရှည် ပူးပေါင်းဆောင်ရွက်ရာမှာ သဘောတူညီမှုတစ်ခု တဖြည်းဖြည်းရရှိလာခဲ့ကြောင်း၊ အဲဒီ သဘောတူညီမှုကတော့ နိုင်ငံအသီးသီးဟာ မတူညီတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အစဉ်အလာ ကိုယ်စီရှိကြပေမဲ့ လက်ရှိအချိန်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လိုတဲ့ တူညီတဲ့ ဆန္ဒရှိကြခြင်းဖြစ်ကြောင်း၊ ကံကြမ္မာအသိုက်အဝန်းဆိုတာကို အချိန်ကိုက် တင်ပြလာခြင်း ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆက်လက်ပြီး သူက၊ ကံကြမ္မာအသိုက်အဝန်းထူထောင်ရေးဖြစ်စဉ်မှာ အာရှနိုင်ငံ အသီးသီးတို့အနေနဲ့ ကိုယ်စီတာဝန်ရှိရုံသာမက လူတိုင်းအနေနဲ့လည်း တာဝန်ရှိကြောင်း၊ ပိုအော်အာရှဖိုရမ်ဟာ အာရှကံကြမ္မာအသိုက်အဝန်း ပိုမိုလျင်မြန်စွာ၊ ပိုမိုချောမောစွာ၊ ပိုမိုထိရောက်စွာ ထူထောင်ဖို့ ဆွေးနွေးနိုင်တဲ့နေရာတစ်ခုကို ထောက်ပံ့ပေးကြောင်း၊ အဲဒီ ဖြစ်စဉ်မှာ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်၊ သဘောထား၊ အသိဉာဏ်နဲ့ စွမ်းရည်တို့ဟာ အလွန် အရေးကြီးကြောင်း ပြောသွားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ က၊ မလေးရှားအနေနဲ့ အာရှကံကြမ္မာအသိုက် အဝန်းထူထောင်ရေးဖြစ်စဉ်မှာ အကျိုးစွမ်းဆောင်မှုပြုဖို့ ဆန္ဒရှိကြောင်း၊ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးစီးပွားရေးခြေလှမ်းမှန်မှန်နဲ့ ညီမျှစွာဖွံ့ဖြိုးတိုးတက်ရေးအပေါ် ယုံကြည်စိတ်ရှိ ကြောင်း၊ ကျွန်တော်တို့အနေနဲ့ ပိုအော်ကို အစပျိုးခန်းအဖြစ်ထားပြီး အဲဒီတာဝန်ကို ကျေပွန် အောင်ထမ်းဆောင်ကာ အောင်မြင်မှုရရှိဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။

   Webradio