|
||||||||
|
|||||||||||||
ဘာကြောင့်ရယ်မှန်းတော့မသိ ညကတော်တော်နဲ့ အိပ်မပျော်ခဲ့။ ဘာလို့များ အိပ်လို့မရတာလဲဆို တာကို စဉ်းစားလိုက်တော့လည်း အဖြေမထွက်လာနိုင်ခဲ့။ ညဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ မှ မနက်လုပ်ငန်းခွင်ဝင်ရတာ ကြည်လင်လန်းဆန်းနိုင်မယ် မဟုတ်လား။
အိပ်မပျော်လေ အတွေးတွေကယောက်ယက်ခတ်နေ၊ ယောက်ယက်ခတ်နေ အိပ်မပျော်လေနဲ့ တစ် ညလုံး အတွေးသံသရာကြောမှာ မြောပါသွားရင်း မိုးစင်စင်လင်းခဲ့ရပါတယ်။ တော်သေးတာက မိုး စင်စင်လင်းခဲ့တဲ့ညက သောကြာနေ့ည ဖြစ်နေတာကြောင့်ပါ။ မဟုတ်ရင် ဘယ်လွယ်ပါ့မလဲ။ မနက် ဆိုရင် အလုပ်သွားရမယ်ဆိုတော့ အဆင်မပြေဖြစ်နိုင်တယ်ပေါ့။
အတွေးတွေထဲမှာ မှတ်မိလိုက်တာလေးတစ်ခုကတော့…. ငယ်ဘ၀လေးရယ်ကိုပါ။
အတူကစား၊အတူစား၊ကျောင်းအတူတက်ခဲ့တဲ့ ငယ်တုန်းက သူငယ်ချင်းတွေရဲ့အကြောင်း ဘယ်လို ကဘယ်လို ကျွန်မအတွေးထဲကို တံခါးမခေါက်၊အသိမပေးဘဲ ရောက်လာတာကို ကထူးဆန်းလို့နေ ရပါတယ်။ ဖြူစင်ရိုးသားလွန်းတဲ့ ငယ်သူငယ်ချင်းများက အခုဆို အဆက်အသွယ်တွေတောင် မရှိ တော့သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်မအတွေးထဲမှာ အခုထိ နေရာယူနေတုန်းဆိုတာကိုတော့ အိပ်မ ပျော်တဲ့ညကမှ အံ့သြစွာ သိလိုက်ရပါတယ်။
ဘာရယ်ညာရယ်မသိ၊ စိတ်ထဲရှိ ရှိတဲ့အတိုင်း ပြောကြ၊ဆိုကြ၊ပျော်ကြ၊ပါးကြ၊ စိတ်ကောက်ကြ၊စိတ် ဆိုးကြ၊ရန်ဖြစ်ကြ၊ပြန်ချစ်ကြနဲ့ ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀လေးက အတော့်ကိုချစ်စရာကောင်းပါ တယ်။ ချစ်စရာကောင်းသလို၊ ပျော်စရာကောင်းလွန်းတဲ့ငယ်ဘ၀လေးကို မေ့မရပေမဲ့လည်း ပြန် လည်လိုချင်တဲ့စိတ်မရှိခဲ့ရိုး အမှန်ပါ။ ဘာလို့ဆိုတော့ ငယ်ဘ၀ကို ပြန်ရောက်ရင် တစ်နေ့လူကြီး ဖြစ် လာရဦးမယ်၊ဒါဆို ဘ၀ရဲ့ အရိုက်၊အပုတ်၊ လှိုင်းဒဏ်၊လေဒဏ်တွေကို ပြန်လည်ခံစားနိုင်စွမ်အား မရှိ တော့လို့ပါ။
|