မထင်မှတ်ဘဲနဲ့ ပီကင်းမြို့ရဲ့ ညချိန်ခါလေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံလေးကတော့ ဒီလိုပါ။
ပထမတော့ ပညာတော်သင်ကျောင်းသားလေးတစ်ယောက်ရဲ့ ကွန်ပျူတာပျက်သွားလို့ ပီကင်းရဲ့ လျှပ်စစ်မြို့တော်မှာရှိတဲ့ ကွန်ပျူတာနဲ့ပတ်သက်ရင် အရင့်အရင် မြန်မာလူမျိုးတွေ သွားနေကြဆိုင် တစ်ဆိုင်ကို လိုက်ပို့မိရာက စတယ်လို့ပြောရင်လည်းမမှားဘူးပေါ့။
အဲဒိဆိုင်ကို သုံးခေါက်မြောက်သွားပြီး အပြန်ခရီးရဲ့ ညနေမစောင်းတစောင်းလေးအချိန်မှာ ကျွန်မ စိတ်ထဲထင်တာက အိမ်ကိုပဲ ပြန်ကြမယ်လို့ပဲပေါ့။ ဒါပေမဲ့ အတူသွားတဲ့ထဲက ညီမလေးတစ်ယောက် က ဒီနေ့အားကြတယ်မဟုတ်လား မိုးလည်းဟိုနေ့တွေကလို စုန်းစုန်းမချုပ်သေးပါဘူးလေ၊ တစ်နေ ရာရာ သွားကြရင်မကောင်းဘူးလားလို့ အဖော်စပ်လာတာနဲ့ အားလုံးကလည်း သိပ်မသွားချင်ကြပါ ဘူးရှင် ကောင်းသားပဲ တဲ့လေ။
ဒီလိုနဲ့ အဲညီမလေးကပဲ ဘယ်နေရာတွေ သွားချင်လဲ၊ ဘယ်နေရာတွေရောက်ဖူးလဲ ဆိုပြီးမေးလာ လေတော့ ကျန်တဲ့သူတွေက ဘယ်မှကိုသိပ်ရောက်ဖူးတဲ့လူ သိပ်မရှိဘူးလေ။ ဒါနဲ့ ညီမလေးပြောတဲ့ wangfujing ဆိုတဲ့ ပီကင်းရဲ့နာမည်ကြီးနေရာတွေထဲမှာ တစ်နေရာပေါ့၊ အဲကိုသွားဖြစ်ခဲ့တယ်၊ လမ်း ကြောင်းကတော့ ထုံးစံအတိုင်း မြေအောက်ရထားစီးပြီးသွားတာပါပဲ။ ဘူတာကနေထွက်တာနဲ့ ခမ်း နားတောက်ပြောင်လွန်းလှတဲ့ ဧရမတိုင်လုံးကြီးတွေကိုတွေ့ရတော့တာပါပဲ၊ အဲတိုင်လုံးကြီးတွေက နေကိုယ့်ပုံကို ပြန်မြင်နိုင်တယ်လေ၊ တော်တော်လေး သဘောကျလို့ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက် ခဲ့တာပေါ့၊ ပြီးတော့ ဆက်ပြီးတက်သွားလိုက်တာ စူပါမားကတ်ကြီး(လိုချင်တာမှန်သမျှရနိုင်လောက် တယ်လို့တောင်ဆိုနိုင်လောက်ပါတယ်) အဲမှာ တစ်ခုထပ်ပြီး သတိထားမိတာက ရှေးတုန်းက သုံးခဲ့ တဲ့ ဂျစ်ကားပုံစုံဟောင်းကြီး ကိုရှေးဟောင်းပစ္စည်းပုံစံနဲ့ အလှပြထားတာကိုပါ။
အဲဒိထဲက မထွက်နိုင်ဘဲ ဟိုဒီလျှောက်ကြည့်ရင်း မောလာသလို၊ဆာလည်းဆာလာတာမို့ အဲမှာတင် ညနေစာကို စားဖြစ်ခဲ့ကြတယ်။ ပြီးတော့မှ အပြင်ထွက်ပြီး ဦးတည်လာတဲ့ Wangfujing ဆိုတဲ့ လေဟာပြင်ဈေးလို့ ခေါ်ရမလား၊ အဲနေရာကို ရောက်ပါတယ်။ အဲမှာ ပီကင်းရဲ့ အစားအစာ၊ ရိုးရာ ပစ္စည်းအမျိုးမျိုးနဲ့ လာရောက်လည်ပတ်တဲ့သူတွေရဲ့ စိတ်ကိုညှို့ယူနိုင်တဲ့ ကြေးသွန်းရုပ်တွေ၊ အဲဒိ ကြေးသွန်းရုပ်တွေထဲကမှ အကြိုက်ဆုံးအရုပ်ကတော့ လန်ချားလိုပုံစံ ရှေ့ကလူကဆွဲတယ် နောက် ကလူက အဲလူဆွဲတဲ့လှည်းပေါ်ကနေထိုင်စီးတဲ့ပုံစံ၊ ဆွဲနေတဲ့လူကတော့ ကြေးသွန်းရုပ်ပေါ့၊ နောက် ကထိုင်ခုံကတော့ အလွတ်ပါ။ ဒါကြောင့် ဧည့်သည်တွေက အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတာပေါ့၊ ပြီးတော့ လျှပ်စစ်ချောကလက်တုံးတွေ၊ လျှပ်စစ်ခရစ်စတယ်တုံးကြီးတွေ၊ လျှပ်စစ်သစ်ပင်တွေ တွေ့ တာတွေအားလုံးကိုသာ ရေးရမယ်ဆိုရင် မကုန်နိုင်လောက်အောင် ဖြစ်ပါလိမ့်မယ်။
ကျွန်မတို့အုပ်စုလည်း နာရီစင်ကြီးနားမှာ ဓာတ်ပုံရိုက်ကြပြီး အချိန်လည်းလင့်နေပြီဖြစ်တာမို့ ပြန်ကြ ဖို့သဘောတူလိုက်ကြပြီး ကိုယ့်အိမ်ဆီသို့ခြေလှမ်းပြင်ရင်း ပီကင်းညရဲ့အလှတွေကို စိတ်ကူးကိုယ်စီ နဲ့ ပုံဖော်နေကြမယ်ဆိုတာကို မှန်းဆလို့ရပါတယ်……………..