|
||||||||
|
|||||||||||||
အစိုးရတာဝန်နဲ့ နယ်မြို့တစ်မြို့မှာ တာဝန်ထမ်းဆောင်စဉ်ကပေါ့- အမှတ်မထင်ဘဲရှေး ရေစက်လို့ပြောရမလားမသိရလေအောင် ခင်မင်ရင်းနှီးမိသွားဖူးတဲ့ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းမလေးနဲ့စသိခဲ့ရပုံက ဒီလိုပါ။
နယ်မြို့တစ်မြို့ရဲ့စာသင်ကျောင်းတစ်ခုရှိ စာသင်ခန်းဆိုတော့ကျောင်းသူကျောင်းသား ဦရေကလည်း သိပ်မများလှပါဘူး၊ဒါကြောင့် ကျောင်းသူကျောင်းသားအားလုံးကို တစ်ဦးချင်း အနီးကပ် စစ်ဆေးလို့ရတယ်၊တစ်နေ့မှာတော့ ကျောင်းသားတစ်ဦးရဲ့စားပွဲပေါ်မှာ တရုတ် ဘာသာစကားနဲ့ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုအမှတ်မထင်တွေ့ခဲ့ရာက ကျွန်မတို့ရဲ့ရင်း နှီးမှုတွေစခဲ့တယ်ဆိုလည်းမမှားပါဘူး။
အဲစာအုပ်ကို ဘာလို့ဒီအချိန်မှာ ဘာလို့ထုတ်ထားတာလဲ၊ဒီအချိန်ကဒီစာအုပ်နဲ့ ဆိုင်သလားလို့ ထုံးစံအတိုင်း သူတို့နားမလည်တာလေးတွေကို သိသွားအောင်၊ မလုပ်သင့် တဲ့အချိန်မှာမလုပ်သင့်တဲ့ကိစ္စကိုမလုပ်ရဘူးဆိုတာတွေကို ပြောဆိုဆုံးမရာက အခုလိုခင် မင်ခွင့်ရလာခြင်းပဲ ဖြစ်မယ်ထင်ပါတယ်လေ။
အဲကျောင်းသားလေးကလည်း နောက်နေ့မှာ သူမှားပါတယ်၊နောက်ဆို ဆရာမပြောတဲ့ အတိုင်းနားထောင်ပါမယ်၊သူ့အနေနဲ့ သတိမထားမိတဲ့ကိစ္စကို သွန်သင်ဆုံးမပေးလို့ တောင်း ပန်ပြီးကျေးဇူးတင်တယ်လို့ပြောလာတဲ့အခါ ကိုယ်ကလည်းဆရာမပီပီ မင်းက တရုတ်စာကို ကောလေ့လာနေတာလား၊ဘာလားစတဲ့စကားတွေပြောဖြစ်သွားရင်းက အဲဒိသူငယ်ချင်းတို့ တရုတ်စာသင်တဲ့ကျောင်းကို ရောက်ခဲ့ရာကတဖြည်းဖြည်းရင်းနှီးခဲ့တာဖြစ်ပါတယ်။
သူနဲ့ကျွန်မက အဲကျောင်းသားလေးမိတ်ဆက်ပေးရာကတဆင့် နောက်အဲမြို့လေးမှာ နေခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်း သွားအတူစားအတူ၊စိတ်တူကိုယ်တူပျော်ရွင်စွာနေခဲ့ ကြတဲ့အချိန်တွေက အခုဆိုရင်ဆယ်စုနှစ်တစ်နှစ်တောင်ပြည့်တော့မှာပါ။
ဒါပေမဲ့ ခရစ္စမတ်နေ့ရောက်တိုင်း၊ နှစ်တစ်နှစ်ရက်နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ရောက်တိုင်း ရင်ထဲမှာအလိုလို သတိရတမ်းတစိတ်များဖြစ်နေတုန်းပဲဆိုတာ သူငယ် ချင်း ရေ…သိစေချင်ပါတယ်နော်---
|