• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုံးပိတ်ရက်မှာရောက်ဖြစ်ခဲ့တဲ့ဈေးအကြောင်း

(GMT+08:00) 2011-11-25 15:28:13

မေအားမာန် - ချစ်ရတဲ့သောတရှင်များအားလုံး စိတ်သွားတိုင်းကိုယ်ပါလို့ ကျန်းမာပျော်ရွှင်အေးချမ်း သာယာနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ဒီတစ်ပတ်အစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ် ရှင်။

ဦးခင်မောင်ဝင်း - သောတရှင်များမင်္ဂလာညချမ်းပါခင်ဗျာ။

မေ-- ဦးခင်မောင်ဝင်းရေ အခုပီကင်းရဲ့ ရာသီဥတုကလည်းသိသိသာသာကြီး အေးလာပြီနော်၊မနေ့က ဆို မိုးတောင်ရွာလိုက်သေးတယ်နော်၊နောက်ပြီးမိုးကလည်း တော်တော်လေးတော့ များသားနော်၊ အဲ တော့ ပီကင်းဆောင်းကအေးကတဲ့ကြားထဲ မိုးကပါထပ်လောင်းပြီး အေးစေလိုက်တော့ ဘယ်ပြော ကောင်းမလဲရှင်၊ အေးလွန်းလို့စောင်ပုံတွေကြားထဲကထွက်ရမှာကိုပဲ တော်တော်လေး ၀န်လေးနေ တယ်လေ၊ဒါပေမဲ့လည်း ကိုယ့်အစီအစဉ်ကိုစောင့်မျှော်နားဆင်နေကြမယ့် သောတရှင်တွေဆိုပြီး  အတွေးဝင်လာတာနဲ့ ဘယ်လိုဖြစ်လာသလဲ ဦးခင်မောင်ဝင်းသိလားဟင်၊ အားမာန်ရဲ့ရင်ထဲကို နွေး ထွေးပြီးတက်ကြွလာတာနဲ့စောင်ပုံတွေကြားက အတင်းထပြီး ရုံးကို အပြေးလာမိတော့တာပဲလေ။ ဒီနေ့လည်း ရာသီဥတုကတော့ မိုးရွာမယ်တော့ ပြောထားသေးတာပဲနော်၊ရွာဦးမလားတော့မသိနော်၊ အခုထိတော့မရွာသေးဘူးလေ၊ဒါပေမဲ့မိုးကောင်းကင်ကြီးတခွင်တပြင်လုံးက မှိုင်းညို့မည်းမှောင်နေတာ ပဲလေ၊ရာသီဥတုကြောင့်လူတစ်ယောက်ရဲ့သတိရတဲ့စိတ်၊လွမ်းတဲ့စိတ်တွေကို ပိုပြီးအားပေးနေသလိုလို ဖြစ်နေသလားမသိဘူးနော်၊ဦးခင်မောင်ဝင်းရယ်။

ဦး--- အားမာန် လွမ်းနေတာကို ရာသီဥတုကို ပုံချနေတာလားဗျာ၊

မေ-- အဲလိုတော့လည်းမဟုတ်လေ၊ဦးခင်မောင်ဝင်းရယ်၊လူဆိုတာခံစားတတ်တဲ့နှလုံသားရှိတယ်မ ဟုတ်လား၊အဲဒိတော့ ဖြစ်လာတဲ့ရာသီသဘာဝကိုလိုက်ပြီး ခံစားမှုတွေကလည်း ဖြစ်ပေါ်ပြောင်းလဲ လာတတ်တဲ့သဘာဝလေးပဲ မဟုတ်လားရှင်၊အခုတစ်လောရာသီဥတုက ဘယ်လောက်တောင်အေး နေပြီလဲဆိုတာကို အားမာန်တို့ချစ်တဲ့သောတရှင်တွေသိရအောင် ပြောပြပေးချင်သေးတယ်ရှင်၊ ဟုတ် ကဲ့ပါ။ဒီနေ့ဆို မနက်ပိုင်း အပူချိန်က ၁၂ ဒီဂရီ၊စင်တီဂရိတ်ပဲရှိတယ်လေ၊ညဘက်ဆို ၄ ဒီဂရီ၊စင်တီ ဂရိတ်ပဲရှိတယ်၊မနေ့ကဆို မိုးကလည်းရွာတယ်ဆိုတော့မနက်ပိုင်းမှာ ၈ ဒီဂရီ၊စင်တီဂရိတ်ပဲရှိပြီး၊ညပိုင်း မှာ ၅ ဒီဂရီပဲရှိတာနော်၊ဟိုးတစ်နေ့ကဆို ညဘက်မှာသုညအထိဖြစ်သွားလိုက်သေးတယ်နော်၊အဲနေ့ တုန်းကဆို အားမာန်တို့အိမ်မှာ အနွေးဓာတ်က မလွှတ်သေးဘူးလေ၊အမလေး အရိုးတွေထိအောင် စိမ့်ပြီးအေးနေတာပဲ၊နော်၊

ဦး--- ဟုတ်တယ်ဗျာ၊

မေ-- ပြီးတော့ ဦးခင်မောင်ဝင်းကိုပြောဖို့ရှိသေးတယ်သိလား၊ဘာလဲဆိုတော့ အားမာန်တို့သောတရှင် တွေထဲက တစ်ယောက်ကလေ အားမာန်ရဲ့မေးလ်ထဲကို စာပို့လာတယ်ရှင်၊ဟိုနေ့က ဂျက်လီတို့သား အဖ ချစ်မေတ္တာဘွဲ့ရုပ်ရှင်အကြောင်းပြောသွားတာ ကောင်းတယ်တဲ့လေ၊နောက်များလည်းအဲလို ရုပ်ရှင်ကားကောင်းလေးတွေကိုတင်ဆက်ပေးပါတဲ့၊ဒါကြောင့် အခုလည်းဦးခင်မောင်ဝင်းက မေ့လို့မ ရတဲ့ရုပ်ရှင်လေး၊ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ်လောက်ရှိရင်ပြောပြပေးလိုက်ပါဦးနော်။

ဦး--- ဟုတ်ကဲ့၊ရတာပေါ့ဗျာ။

မေ-- ဟုတ်ကဲ့၊ဦးခင်မောင်ဝင်းရေ၊ရုံးပိတ်ရက်တွေမှာဆို ဘယ်လိုအချိန်တွေကိုအသုံးချတတ်သလဲရှင်။

ဦး--- ဟုတ်ကဲ့၊ကျွန်တော်တို့ကတော့မိသားစုနဲ့ဆိုတော့ မိသားစုနဲ့ပဲအချိန်တွေကုန်သွားတာပေါ့ဗျာ၊ အားမာန်ကော စနေ၊တနင်္ဂနွေရုံးပိတ်ရက်ဆို ဘယ်တွေသွားတတ်လဲ။

မေ-- ဟုတ်ကဲ့၊ဦးခင်မောင်ဝင်းက သိပ်တော်တာပဲ၊အားမာန်က အဲဒိအကြောင်းလေးတွေကိုပြောပြချင် လို့ တမင်စကားစဖေါ်ပေးလိုက်တာပါ၊ဟုတ်ကဲ့ပြောပြပါမယ်ရှင်။အားမာန် ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဈေးတွေကိုလျှောက်ပတ်လိုက်တယ်လေ။အဲလို လျှောက်ပတ်လိုက်ရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိ တယ်သိလား။တစ်ချက်က အားမာန်ချစ်တဲ့သောတရှင်တွေကိုအခုပီကင်းမြို့ကြီးမှာရှိတဲ့ ဈေးကြီးတွေ အကြောင်းကိုအားမာန်သိသလောက်ပြန်ပြီးဖောက်သည်ချပေးချင်လို့သွားရတာပါ၊ပြီးတော့နောက်တစ် ချက်ကတော့ အားမာန်တို့အခုပီကင်းမြို့မှာရောက်နေကြတဲ့မြန်မာလူမျိုးအချင်းချင်း တွေ့ဖြစ်အောင်လို့ လဲ သွားကြတာပါ၊၀ယ်စရာကတော့ထွေထွေထူးထူးရယ်မရှိပါဘူး၊ဒီလိုပဲ ဈေးကိုလျှောက်ကြည်ရင်းနဲ့ပဲ ကိုယ့်စိတ်ထဲကြိုက်တာလေးဆိုရင်တော့ မိန်းကလေးသဘာဝ ၀ယ်ဖြစ်သွားတာပေါ့နော်၊အားမာန်တို့ သူငယ်ချင်းတွေသွားဖြစ်ခဲ့တဲ့ဈေးတွေက ပေကျင်းဇူးနားကဈေးရယ်၊ထီရန်းရိဆိုတဲ့ဈေးရယ်ပြီးတော့ ၀ုရှီးယွမ်ချီရာဝူးဆိုတဲ့တံတားနားကဈေးတွေပါပဲ။

ဦး--- ဟုတ်လား၊ဈေးတွေကများလှချည်လား၊အဲဒိဈေးတွေကိုတစ်နေ့တည်းသွားပလိုက်တာလားဗျာ။

မေ-- ဟုတ်ကဲ့၊ဦးခင်မောင်ဝင်း စိတ်ဝင်းစားသွားပြီမဟုတ်လား၊ဒါဆို အားမာန်တို့ချစ်တဲ့သောတရှင် တွေလည်း စိတ်ဝင်စားနေမှာ အသေအချာပဲသိလား၊ဟုတ်ကဲ့၊ဒီလိုပါရှင်။ပေကျင်းဇူးဆိုတဲ့ဈေးကိုတော့ သူငယ်ချင်းတစ်ယောက်က သူပိုက်ဆံအိတ်ဝယ်ချင်လို့လိုက်ခဲ့ပေးပါဆိုလို့၊ပြီးတော့အားမာန်လည်း တစ်ခါမှ အဲဒိဈေးကိုမရောက်ဖူးဘူးလေ၊ကြားဖူးနေတာတော့ကြာပါပြီ။အဲဒါနဲ့အေးကောင်းသားပဲ သွားကြတာပေါ့ဆိုပြီးသွားဖြစ်လိုက်တာပါ၊သောတရှင်တို့ရေ ပီကင်းမှာကလေ ဘယ်ကိုပဲသွားသွား မြေအောက်ရထားကိုပဲ အားကိုးပြီးသွားလာရတယ်ရှင်၊ဒါကြောင့်အားမာန်တို့တွေက အဲဈေးကိုသွား ဖို့ဆိုရင်မြေအောက်ရထားနှစ်ဆင့်ပြောင်းစီးရမယ်လေ၊ဒါကြောင့် ဒုတိဆင့်ပြောင်းစီရမယ့် မြေအောက် ရထားဘူတာမှာပဲချိန်းလိုက်ကြတာပေါ့နော်၊ပီကင်းမြို့ဆိုတာက ဘယ်နေရာကြည့်ကြည့်၊ဘယ်ကိုသွား သွား လူတွေကကြိတ်ကြိတ်တိုးပဲ သောတရှင်တို့ရေ၊အခု အားမာန်တို့သွားတဲ့ရက်က ရုံးပိတ်ရက်ဆို တော့ ပိုလို့သာဆိုးတော့တာပေါ့ရှင်၊လူကိုပဲမနည်းရှောင်နေရတယ်လေ။အဲလိုနဲ့ အားမာန်တို့တွေ အဲဒိ ဈေးကိုရောက်သွားကြတာပေါ့ရှင်၊အို ကြီးမားလိုက်တဲ့ဈေး၊များလိုက်တဲ့လူတွေ၊အမျိုးစုံလင်ပြီးများပြား လိုက်တဲ့ကုန်ပစ္စည်းမျိုးစုံ၊ပျားပန်ခတ်မျှလျင်မြန်စွာလှုပ်ရှားသွားလာရောင်းချနေတဲ့ဈေးသည်၊ဈေးဝယ် တွေရှင်၊အားမာန်တော ကြည့်ရင်းကြည့်ရင်း ဘယ်ကိုအရင်စသွားရင်ကောင်းမလဲလို့စဉ်းစားနေရင်းက သူငယ်ချင်းက လာ တို့တွေ အပေါ်ကိုတစ်ထပ်ချင်းတက်ကြည့်ကြတာပေါ့ လို့ပြောလိုက်တော့မှပဲ တွေ တွေကြီးစဉ်းစားနေတဲ့စိတ်တွေက ပြန်လည်သက်ဝင်လာပြီး အေးသွားကြစို့ဆိုပြီး ရွေ့လျားစက်လှေ ကားနဲ့ တစ်ထပ်ပြီးတစ်ထပ် တက်သွားလိုက်တာ၊ကိုယ်လိုချင်တဲ့ ပိုက်ဆံအိတ်ရှိတဲ့ အထပ်ကို တော် တော်နဲ့ ရှာမတွေ့ဘူးလေ၊ဒီမှာက ဦးခင်မောင်ဝင်းသိတဲ့အတိုင်းလေ အ၀တ်အစားဆို အ၀တ်အစာထပ် အခုဆောင်းရာသီဆိုတော့ ဆောင်းအသုံးအဆောက်ပစ္စည်းတွေပေါ့၊ဦးထုပ်တို့၊လည်စည်းပ၀ါတို့၊ ဆောင်းစီးလည်ရှည်ဖိနပ်တို့စတာတွေက တစ်ထပ်ပြီးတစ်ထပ်တွေ့ရတယ်လေ၊ပြီးတော့ အာမာန်တို့

အဓိက၀ယ်ချင်တဲ့ ပိုက်ဆံအိတ်ထပ်ကို မတွေ့နိုင်ဘူးဖြစ်နေတာပေါ့၊အဲလိုနဲ့ အပေါ်တက်၊အောက်ဆင်း နဲ့ တော်တော်လေးအလုပ်ရှုပ်သွားတယ်၊ဒါနဲ့ ဒီလိုလိုက်ရှာနေလို့တော့မဖြစ်တော့ပါဘူးပေါ့လေ၊ မေးပါ များစကားရ ဆိုသလို တတ်သမျှမှတ်သမျှလေးနဲ့ မေးစမ်းကြည့်ဦးမှပါပဲ ဆိုတော့မှ အားမာန်တို့တက်ခဲ့ ဖူးတဲ့ အထပ်တွေရဲ့ လေးထပ်မြောက်မှာဖြစ်နေတာလေ၊လူတွေများ၊ပစ္စည်းတွေစုံဆိုတော့ လူကမျက်စိ ကိုလယ်သွားတယ်ထင်ပါရဲ့လေ၊အဲတော့ တွေ့ပြီဆိုတော့ သူငယ်ချင်းလိုချင်တဲ့အိတ်ကိုကိုယ်ကလည်း ၀ိုင်းပြီးကြည့်ပေးပေါ့နော်၊သူကြိုက်တဲ့ဒီဇိုင်းကိုကိုယ်ကမကြိုက်၊ကိုယ်ကြိုက်တဲ့ဒီဇိုင်းကိုသူကမကြိုက်နဲ့ ဘယ်ဟာဝေခွဲလို့ရမလဲမသိဖြစ်နေတုန်း၊အားမာန်ဖုန်းက၀င်လာတယ်လေ၊မြန်မာလူမျိုးပညာတော်သင် ကျောင်းသားလေးတစ်ယောက်က သူအခု ထီရန်းရိဈေးကိုရောက်နေတယ်တဲ့၊အားမာန်ကိုဘယ် ရောက်နေလဲပေါ့၊အဲဒါနဲ့ သူငယ်ချင်းက ထီရန်းရိလို့လဲ ကြားရော အဲဈေးကိုသွားချင်တယ်၊အဲဈေးမှာ ပိုက်ဆံအိတ်တွေပိုပေါတယ်လို့သူကကြားဖူးတယ်ပေါ့၊အဲလိုပြောလာတော့ အားမာန်လည်း အို ဟုတ်လား ဒါဆိုလည်း အဲကိုသွားချင်လားပေါ့၊အေး သွားတော့သွားချင်တယ်တဲ့ အားမာန်ကို သွား တတ်လားပေါ့၊ဟိဟိ အားမာန်ကလည်း အို အားမာန်လည်း ဒီဈေးကနေတော့ ဘယ်လိုသွားရမလဲ မသိဘူး၊အိမ်ဘက်ကနေဆိုတော့ တစ်ခါသွားဖူးတယ်၊ဘယ်လိုသွားရမလဲဆိုတာကိုစာအုပ်ထဲ မှတ်ထားဖူးတာရှိတယ်၊အခုနေရာကနေကတော့ မသွားတတ်ဘူးလေလို့ပြောလိုက်ရော သူုငယ်ချင်း က စိတ်မကောင်းတဲ့ပုံလေးဖြစ်သွားတော့လေ၊အားမာန်လည်း နေပါဦး စောစောက ကလေးကို ဖုန်းပြန် ဆက်ကြည့်လိုက်ပါဦးမယ်၊ဆိုပြီး ဖုန်းပြန်ဆက်ပေါ့၊အဲကလေးကလည်း သူလာခေါ်ပေးမယ်ဆိုတော့ အာလုံးအဆင်ပြေသွားပြီး သူငယ်ချင်းလည်းလိုရာကိုကောင်းစွာဝယ်နိုင်ပြီဆိုပြီးအဲဈေးကိုဆက်ပြီ ချီ တက်သွားကြတယ်လေ၊အမလေး အဲဈေးရောက်တော့လည်း သောတရှင်တို့ရေ စောစောကလူတွေ များဒီကိုရောက်နေသလားလို့တောင်ထင်မိပါရဲ့ရှင်၊ဘာလို့ဆိုတော့ ဒီဈေးမှာကလည်း ပေကျင်းဇူးနားက ဈေးမှာလိုပဲ လူတွေလူတွေအုပ်လိုက်ခဲလိုက်ပဲရှင်၊ဒီဈေးကလည်းအထူးသဖြင့်အားမာန် အထင်ပေါ့လေ လက်ဆောင်ပစ္စည်းတိုလီမုတ်စလေးတွေ ပေါမှပေါ၊ဆန်းမှဆန်းပဲရှင်၊အဲဒိဈေးမှာကလည်း ဟိုဈေး ထက်တောင်ပိုစုံနေသေးလို့ထင်မိပါတယ်၊အဲဈေးမှာအားမာန်က အခုရာသီမှာ လိုအပ်နေတဲ့ လျှပ်စစ် ရေနွေးအိတ်လေးတစ်လုံးဝယ်လာတယ်ရှင်၊ဘာလို့ဆိုတော့ အခုရာသီမှာ အဲဒိရေနွေးအိတ်လေးက အသုံးဝင်တာကိုရှင့်၊ပြီးတော့ ဈေးလည်းမကြီးလို့လေ။သူငယ်ချင်းလိုချင်တဲ့ ပိုက်ဆံအိတ်လှလှလေး နှစ်လုံးတောင်ရခဲ့ပါတယ်နော်၊ဈေးကလည်း မြန်မာပြည်နဲ့စာရင်တော့ ပိုတန်မယ်လို့တော့ အားမာန် ထင်ပါတယ်၊ဒီဇိုင်းလေးကလည်းဆန်းတယ်၊အရောင်လေးကလည်းဆင်စွယ်နှစ်ရောင်လေးနဲ့ ပန်းဆီ ရောင်လွင်လွင်လေးပါရှင်၊အဲဒါလေး အားမာန်တို့တစ်ဈေးလုံး ပတ်ကြည့်နေတာ ဈေးပိတ်တော့မယ်လို့ ဈေးတာဝန်ခံတွေ စပီကာကနေကြေညာမှပဲ အားမာန်တို့လည်း ဈေးကနေထွက်လာကြပါတယ်ရှင်။ ပီကင်းဈေးတွေက အားမာန်သိသလောက်ပေါ့နော်၊မနက်ဆှိုရှစ်နာရီ၊ကိုးနာရီလောက်တည်းကဖွင့် တယ်လိုကြားဖူးပါတယ်၊ ဈေးကိုစောစောတော့တစ်ခါမှ မသွားဖူးသေးပါဘူး၊ညနေဆို ငါးနာရီကတည်း ကဈေးပိတ်တော့ပါမယ်လို့ကြေညာ နေပြီး ငါးနာရီခွဲဆို တံခါးတွေပိတ်တော့တာပါပဲတဲ့ရှင်၊အားမာန်တို့ လည်းအထုပ်တွေကိုယ်စီနဲ့ ညနေစောင်း အမှောင်ထုနဲ့အတူ ထမင်းဆိုင်ကိုချီတက်ရင်းညစာကို အဲနေ့ ကတော့ ဆိုင်မှာပဲဝယ်စားဖြစ်လိုက်ပါ တယ်လို့ပြောကြားရင်း ဒီတစ်ပတ် အားမာန်တို့ရဲ့ အစီအစဉ်လေး ကို ဒီနားမှာပဲရပ်နားပြီး နောက်တစ်ပတ် ဘာတွေပြောမလဲဆိုတာကို ချစ်တဲ့သောတရှင်တို့ စောင့်မျှော် နားဆင်နေကြမယ်လို့ယုံကြည်မျှော်လင့်မိ ပါတယ်ရှင်၊ပြီးတော့လေ အားမာန်တို့ဆီကိုလည်း စာတိုက် ကပဲဖြစ်ဖြစ် အီးမေးလ်ကပဲဖြစ်ဖြစ် ချစ်မေတ္တာစာလွှာလေးများ၊ဝေဖန်အကြံပြုစာလွှာလေးများရေးသား ပေးပို့ကြပါလို့ ပြောရင်း ကျိုက်ကျန့် လို့ နှုတ်ဆက်လိုက်ပါတယ်နော်။

 

 

 

 

   Webradio