• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျွန်မအမြင်၊ကျွန်တော့်အတွေး၊(မြန်မာလူမျိုးတို့ရဲ့ယုံကြည်မှုဓလေ့လေးများ)

(GMT+08:00) 2011-11-03 17:47:19

                                  

      

မေအားမာန်- ဦးခင်မောင်ဝင်းရေ၊ဒီနေ့ဒီရက်ဒီအချိန်လေးရောက်ရင် အားမာန်တို့သိသမျှ၊ မြင်သမျှလေးတွေကို အားမာန်တို့ကိုချစ်တဲ့ အားမာန်တို့ကလည်း ချစ်ခင်ရပါတဲ့ ချစ်သော တရှင်တွေကို တင်ဆက် ပေးရမှာနော်၊

ဦးခင်မောင်ဝင်း- ဟုတ်ပါတယ်ခင်ဗျာ၊အော ဒါနဲ့ ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော်တို့ တရုတ်လူမျိုးတို့ ရဲ့ ဖုန်းရွှေလို့ ခေါ်တဲ့ အတတ်ပညာ၊အယူအဆ၊ဓလေ့လေးတွေ အကြောင်းပြောခဲ့ကြတာဆိုတော့ မြန်မာလူမျိုးတွေမှာလည်း အဲလို အယူအဆလေးတွေ ရှိမယ်လို့ ကျွန်တော်ထင်တယ်လေ၊ အဲဒါလေး ကိုပြောပြပါဦးလားခင်ဗျာ၊

မေ      - ဟုတ်ကဲ့၊ပြောဆိုတော့လည်း အားမာန်လေ့လာထားသမျှလေးတွေကို ပြန်ဖောက်သည်ချပြ ရတာပေါ့ရှင်၊အားမာန်တို့မြန်မာလူမျိုးတွေကလည်းအဲလိုအတတ်ပ ညာတွေ၊အယူအဆတွေ၊ဓလေ့ထုံးတမ်းတွေရှိပါတယ်ရှင်၊အားမာန်ဖတ်ထားတဲ့ လောက ပညာညွန့်ပေါင်းကျမ်းထဲက အကြောင်းလေး တွေကို အခြေခံပြီးတော့၊ နေ့စဉ်ပြော ဆိုနေကြတဲ့ ရှေးလူကြီးသူမ၊ဘိုးဘွားမိဘတွေ ပြောခဲ့ဖူးတဲ့ အကြောင်းလေးတွေကို အားမာန် ပြန်ပြောပြပါမယ်နော်၊ပထမဆုံး အိမ်တစ်လုံးဆောက်တော့မယ် ဆိုကြပါစို့ရှင်၊  အိမ်ဆောက်ကို နောက်ချန်လို့ ၀င်းထရံ အရင်ခတ်ရင်လ  ပျက်စီးတတ် ကျမ်းအလာ တဲ့ လေ၊အဲဒါက ဘာကိုပြောချင်တာလဲ ဆိုတော့ အိမ်ကို  အရင် မဆောက်ဘဲ ၀င်းထရံ အရင် ခတ်မယ် ဆိုရင်တဲ့ ပျက်စီး ဆုံးရှုံးတတ်ပါတယ် လို့ပြောချင်တာပါ၊ ဒါပေမဲ့လည်းအခုခေတ်မှာတော့ ကိုယ်က အိမ်ရှိတယ်၊ကိုယ့်မှာ ပိုက်ဆံစုမိဆောင်းမိလို့ နောက်ထပ် အိမ်တစ်လုံးထပ်ဝယ်တယ် ဆိုပါစို့ရှင်၊အဲလိုမျိးဆိုရင်တော့ ခြံကိုအရင်ဝယ်ပြီး ဒါဟာ ကိုယ့်ခြံမြေ  ဖြစ်သွားပြီ ဆိုတာကို သိစေချင်တာမို့ ၀င်းအရင်ခတ်လေ့ရှိလာပါ တယ်၊ဒါကလည်းခေတ်အခြေအနေ အရလို့ပဲ ပြောရမလားနော်၊ ပြီးတော့ အိမ်စဆောက်ပြီ ဆိုပါစိုရှင်၊အိမ်ကို အရှေ့ဘက်လှည့်တဲ့အိမ်ကိုပဲ များသောအားဖြင့် သဘောကျကြတယ်၊၀ယ်လေ့ရှိတယ်ပေါ့နော်၊အခုတော့ အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်မှာရှိတဲ့ အတိုင်းအတာ အခြေအနေအရ အဆင်ပြေသလိုတွေ ၀ယ်ရတာလညှ်းရှိနေ ပြီပေါ့လေ၊အနောက်ဘက် လှည့်တဲ့ အိမ်ဆို သိပ်မကြိုက်ချင်ကြပါဘူး။ အိမ်ရဲ့အဓိကနေရာ တစ်ခုဖြစ်တဲ့ လှေကားကိုလည်း အလွန်သတိ ထားပြီး ကြည့်ကြ၊လုပ်တတ်ကြတယ်၊ လှေကားဆိုရင် ဘေးဘက်က လှေကားကိုကြိုက် တယ်၊အိမ်အ၀င်တည့်တည့်မှာလှေကား ကြီးကို မြင်နေရရင် မကြိုက်တတ်ကြပါဘူး၊ လှေကားမှာ အမျက်က ဘယ်နေရာကပါရင်ကောင်းတယ်၊ဘယ်နေရာကပါရင်မကောင်းဘူးဆိုတာလည်းရှိသေးတာလေ၊ လှေကားအလယ်ပိုင်းမှာ အမျက်လို့ခေါ်တဲ့ သစ်၊၀ါးတို့ရဲ့ အဖုအဆစ် တွေပါသွားမယ်ဆိုရင် မကောင်းဘူး၊ဥစ္စာပစ္စည်းတွေပျက်စီးတတ်တယ်၊ဥပဒ်အန္တရာယ် လည်း အနည်းငယ်ဖြစ်တတ်တယ်တဲ့၊ဒါပေမဲ့ လှေကားဦးမှာပါရင်တော့ စုလာဘ်ကြီးစွာရ ပြီး၊ဧည့်သည်များများလာတတ်တယ်တဲ့၊လှေကားရင်းမှာ ပါရင်တော့လေ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာပြီး၊ကျွဲ၊နွားများများတတ်တယ်တဲ့ရှင်။ပြီးတော့ လှေကားနဲ့ ပတ်သက်တဲ့အ ချက်လေးရှိသေးတယ်သိလား၊အဲဒါကလေ လှေကားထစ်ပါ၊လှေကား ထစ်ဆိုရင်လည်းစုံ ကိန်းကို မကြိုက်ဘူးတဲ့၊မကိန်းပဲ လုပ်လေ့ရှိတယ်တဲ့လေ၊အဲဒါနဲ့ ပတ်သက်ပြီး အားမာန် သတိရတာ လေးတစ်ခုက လှေကားသုံးထစ်ဆင်းရင် လူပျိုဖြစ်တယ်လို့ပြောကြ တာများလားလို့ပါလေ၊ဟုတ်ကဲ့ ရယ်စရာပြောတာပါနော်၊ ပြီးတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အိမ်ဆိုရင် ဘုရားစင် ရှိရမယ်လေ၊ဒါဆို ဘုရားစင်ကို မြောက်ဘက်နဲ့ အနောက်ဘက်မှာ မထားကောင်းဘူးတဲ့လေ၊ပြတင်းပေါက် အကြောင်းပြောရမယ်ဆိုရင် ပြတင်းပေါက်ဆိုတာက များသောအားဖြင့် လေ၀င် လေထွက်ကောင်းအောင်၊အလင်း ရောင်ကောင်းကောင်းရနိုင်အောင် လုပ်တာလို့ အားမာန်တို့က အဲလို သိထားတာပေါ့နော်၊ ဒါပေမဲ့ ရှေးလူကြီးတွေ ပြောစကားအရကတော့ ပြတင်းပေါက်များတိုင်းလည်း မကောင်း ဘူးတဲ့၊ပြတင်းပေါက်များတဲ့ အိမ်ဆိုရင် သားသမီးတွေ အိမ်မှာ မမြဲတတ်ဘူးဆိုတဲ့ အယူရှိတယ်လို့ ကြားဖူးပါတယ်၊နောက်ပြီးလေ လမ်းဆုံလမ်းခွထိပ်က အိမ်ဆိုရင်လည်း ခိုက်တတ်တယ်ဆိုပြီး မကြိုက်တတ်ကြပါဘူး၊ဘာလို့လဲဆိုတော့လေ လှည်းဦးတိုက်၊ လှေဦးတိုက်  ဆိုပြီးတော့လေ၊ဒါပေမဲ့ မဖြစ်မနေ နေရမယ်၊၀ယ်ရမယ် ဆိုရင် အိမ်ရှေ့နဲ့ လမ်းထိပ်တည့်တည့်မှာ မှန်ထောင်တာတို့၊ဓားထောင်တာတို့ လုပ်ရတယ်တဲ့၊အဲဒါကလည်း ကိုယ့်ဆီ လာမယ့် ဘေးအန္တရာယ်တွေကို တန်ပြန်အောင်လုပ်ခြင်းပဲဖြစ်တယ်တဲ့၊ အိမ်ရဲ့ ထုပ်တန်းအောက်မှာအလုပ်စားပွဲထားရင်အလုပ်ဝန်ပိတတ်သလို၊အဲအောက်မှာလူအမြဲတမ်းလိုလိုနေမယ်၊အိပ်မယ်ဆိုရင် ကျန်းမာရေးထိခိုက်တတ်တယ်။ပြီးတော့ အိမ်ရဲ့အိမ်ရှေ့မျက် နှာစာကို ခေါင်းရင်းမထားဘဲ၊ခြေရင်းထားမယ်ဆိုရင် ကျက်သရေ၊မင်္ဂလာမရှိဘူးလို့ယူ ဆတတ်ပါတယ်။ပြောရမယ်ဆိုရင်တော့အများကြီးပါပဲရှင်၊အခုတစ်ပတ်တော့ဒီမျှနဲ့ပဲရပ်နားလိုက်ပါရစေရှင်။

   Webradio