|
||||||||
|
|||||||||||||
ကမ္ဘာ့ရွာကြီးအတွင်းမှာ မှီတင်းနေထိုင်နေကြသူများအားလုံး ရွှင်လန်းကျန်းမာစွာသက်ဝင်လှုပ်ရှားနိုင် ဖို့ရာအတွက် အဓိကအရေးကြီးဆုံးတစ်ရပ်ကတော့ စားနပ်ရိက္ခာပြည့်စုံဖူလုံရေးပဲဖြစ်ပါတယ်။ဒါကြောင့် လည်း ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ကြီးက အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့ စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ထားခဲ့တာပါ။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံကလည်းတစ်နိုင်ငံပါဝင်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာ့ စားနပ်ရိက္ခာနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါတယ်။လက်ရှိအချိန်မှာ ကမ္ဘာ့ရွာကြီးအတွင်းတွင် နေစဉ် စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့ အချက်ကလွန်စွာအရေးပါတဲ့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်တာမို့ ၁၉၉၆ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာထိပ်သီးအစည်းအဝေးကနေ ၂၀၁၅ ခနှစ်မှာ ဆင်းရဲငတ်မွတ်သူဦးရေရဲ့ ထက်ဝက် ကျော်လျှော့ချနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
စားနပ်ရိက္ခာလုံလောက်မှုမရှိတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများကတော့ ကျန်းမာရေးချို့တဲ့ခြင်း၊ လူသက်တမ်းတိုခြင်း၊လုပ်နိုင်စွမ်းကျဆင်းခြင်း၊ပညာသင်ကြားပိုင်းတွင်ကျဆင်းခြင်းတို့က လက်ရှိတွင် သာမကနောင်အရှည်ထိဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။
၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၉ ဘီလီယံထိရှိလာမှာဖြစ်တာကြောင်း လုံလောက်စွာစားသုံးနိုင်ရန် စားနပ်ရိက္ခာများကို လက်ရှိပမာဏထက် ရာခိုင်နှုန်း ၇၀ တိုးပြီး ထုတ်လုပ်ရမယ်လို့ ခန့်မှန်းထားပါ တယ်။
ဒါကြောင့် ရိက္ခာထုတ်လုပ်ရေးတာဝန်များကို အဓိကတာဝန်ယူနေတဲ့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ ရှိတဲ့ တောင်သူလယ်သမားဦးကြီးများ ဟာအလွန်အရေးပါတဲ့ အခန်းကနေဦးဆောင်ပြီး ကမ္ဘာ့ရွာကြီးရှိ လူသားတို့ရဲ့ စားနပ်ရိက္ခာဖူလုံဖို့ အားကိုးနေလျက်ရှိပါကြောင်း-----------
|