• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ဗီဒီယိုသတင်း)ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၆၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ

(GMT+08:00) 2012-03-28 16:34:53

 ပြည်တောင်စုသမ္မတ မြန်မာနိုင်ငံတော် ၆၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို    မတ်လ ၂၇-ရက်နေ့မှာ ပီကင်းမြို့ရှိ တရုတ်ပြည်ဆိုင်ရာ မြန်မာသံရုံးမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံနဲ့ဒေသ (၅၀)ကျော်က သံအမတ်ကြီးများ၊ စစ်သံမှူးများဟာ ဖိတ်ကြားချက် အရ ဂုဏ်ပြုဧည့်ခံပွဲကို တက်ရောက် ခဲ့ကြကြောင်း သိရပါတယ်။

 တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ရေးသိပ္ပံနည်းပညာ ကောလိပ်ကျောင်းမှ ဒု ကျောင်းအုပ်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး RenHaiQuan က ဧည့်ခံပွဲကို တက်ရောက်ပြီး တရုတ်ပြည်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဦး၊ စစ်သံမှူး ဗိုလ်မှူးကြီး တင့်ဝေတို့နဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

အဲဒိနောက် စစ်သံမှူး ဗိုလ်မှူးကြီးတင့်ဝေကို CRI သတင်းထောက်က တွေ့ဆုံ မေးမြန်းခန်းလေး လုပ်ခဲ့ရာ ဗိုလ်မှူးကြီး တင့်ဝေက လွန်ခဲ့တဲ့ နှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် ခရီးလှည့်လည်မှု များပြားပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်အမှုထမ်းများ ကူးလူး ဖလှယ်မှုတွေကလည်း အဆက်မပြတ် တိုးတက်များပြား လာကြောင်း ပြောကြားခဲ့ပါတယ်ရှင်။

 

   Webradio