NPC&CPPCC အပေါ် မြန်မာသံအမတ်ကြီးရဲ့အမြင် (ဗီဒီယို)

(GMT+08:00)2018-03-27 13:40:18  CRI

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ(၁၃)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ကရက်နှင့်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်တို့ရဲ ပထမအကြိမ် အစည်း အဝေးတွေဟာ မတ်လ(၂၀)ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေ မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒတွေကို ပြင်ဆင်အတည်ပြုနိုင်ခဲ့သလို အခြားစီးပွား ရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံခြားရေးမူဝါဆိုင်ရာ အရေးကြီးအချက်တွေကို လည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့တာတွေ့ရပါတယ်။ အခု အစည်းအဝေးတွေမှာ နိုင်ငံရဲ့ အရေးကြီးကဏ္ဍတွေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တာတွေနဲ့ လက်ရှိတရုတ်နိုင်ငံရဲ့ တံခါး ဖွင့်ပြုပြင် ပြောင်းလဲရေးရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းကို CRI က အခုလို သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။