“ကြွေရည်အလှ”သည် China Media Group မှထုတ်လုပ်သော နိုင်ငံရပ်ခြားတွင်ပြသသည့် တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ မီနီဒရမ်မာစီးရီး၏ ပထမဆုံးဇာတ်ကား ဖြစ်သည်။ ဤဇာတ်ကားတွင် တရုတ်ယဉ်ကျေးမှုနှင့် ရှေးဟောင်းပါရှန်းယဉ်ကျေးမှု ကူးလူးဖလှယ်မှုသမိုင်းကို နောက်ခံထား၍ တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံမှ လူငယ်အမျိုးသားနှင့်အမျိုးသမီး နှစ်ဦး မင်မင်းဆက်ခေတ် ယုံလော့ဧကရာဇ်နန်းစံနှစ်သို့ ရောက်ရှိသွားပြီး အပြာရောင်စပျစ်ခိုင်ကနုတ်ပန်းကြွေဖြူ ပန်းကန်ပြားတစ်ချပ်ကို ဦးတည်ကာ ဇာတ်အိမ်ဖွဲ့ထားသော စိတ်ဝင်စားဖွယ်ဇာတ်လမ်းဖြစ်သည်။ မီနီဒရမ်မာအနုပညာပုံစံ၊ သက်ဝင်လှုပ်ရှားသောဇာတ်အိမ်နှင့် သပ်ရပ်လှပသော အလင်း၊ အရိပ်၊ အသံ၊ ပုံရိပ်တို့ဖြင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လက်ဆင့်ကမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်လုပ်သားပြည်သူတို့၏ ဆန်းသစ်တီထွင်မှုစိတ်ဓာတ်နှင့် ကောင်းသထက်ကောင်းခြင်းကိုလိုလားသော လက်မှုပညာသည်စိတ်ဓာတ်၊ ကမ္ဘာ့လူမှုယဉ်ကျေးမှုများ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုကြောင့် အရောင်အသွေးစုံလင်လာသော “လူမှုယဉ်ကျေးမှုပန်းပေါင်းစုံဥယျာဉ်ကြီး” ပုံရိပ်မြင်ကွင်းတို့ကို တင်ဆက်ပြသထားသည်။